ဝက်နံရိုးကြော်

1

ဝက်နံရိုးကြော်

ညီမလေး တစ်ယောက်ကရေးပေးပါဆိုလို့
ရေးပေးတာပါ ……

အသားကြော်ရင် ဆီ များများထဲ အိုးမကြပ်အောင် ထည့်ကြော်ပြီး၊ အသုံးပြုတဲ့ ဆီကလည်း အသစ်ကိုသုံးရင် အသားကြော်ရဲ့ အရောင်ကို လှစေရုံမက ပိုပြီးလည်း စားလို့ကောင်းစေပါတယ်။ ကြော်ရမယ့် အသားများလို့ နောက်တစ်အိုး ခွဲကြော်ရရင်လည်း ပထမအိုးကြော်ပြီးတာနဲ့ ဆီအိုးထဲကျန်ခဲ့သည့် အဖတ်များကို တတ်နိူင်သမျှ ဆယ်ထုတ်ပြီးမှ ကြော်စေချင်ပါ တယ်။

***... ဝက်နံရိုးကြော် အတွက် လိုအပ်တာလေးတွေ…

1. ဝက်နံရိုး – ၁ ကီလိုခွဲခန့်
2. အရသာမှုန့် (chicken powder) – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
3. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
4. ဆီ

ကြိုက်နှစ်သက်သလို လှီးထားသော ဝက်နံရိုးများကို အရသာမှုန့်၊ ဆားတို့ဖြင့် နယ်ပြီး အရသာဝင်အောင် တစ်နာရီခန့် နှပ်ထားပါ။

ပြီးလျှင် high heat ဖြင့် အပူပေးထားသော ဆီပူအများကြီးထဲ ထည့်ပြီးကြော်ကာ အသားတစ်ဖက်ကျက်လျှင် နောက်တစ်ဖက်ကို လှန်ပြီး ဆက်ကြော်ပေးပါ။ (ဆီပူမှ အသားကိုထည့်ပေးပါ။)

အသားနှစ်ဖက်လုံး ကျက်လျှင် (ပုံပါအတိုင်း အရောင်ရလျှင်) ဆီစစ်ကာ ဆယ်ထုတ်ပြီး အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

Crd.chawsu See less

Credit : Facebook Shares

Ingredients

Directions