ဝက်စင်းကော သီးစုံကြော်

1

ဝက်စင်းကော သီးစုံကြော်

ဝက်သား အသားချည်းပဲ ၂၀သားခန့် နုတ်နုတ်စင်း သို့မဟုတ် ကြိတ်ထားပါ။ ဆား၊ ဟင်းခတ်မှုန့် ၊ ပဲငံပြာရည် အကြည် ၊အနောက်၊ ခရုဆီ ၊ တရုတ်မဆလာ တို့နဲ့ နယ်ထားပါ။

အသီးအရွက်က ကြိုက်နှစ်သက်ရာ ထည့်လို့ရပါတယ်။
ကျွန်မကတော့ ပန်းငရုတ်ပွ ၊ နှစ်တစ်ရာသီး နဲ့ မုန်လာဥနီ ထည့်ထားပါတယ်။ ထည့်မဲ့ အသီးအနှံ တွေကို နှစ်သက်သလို လှီးဖြတ်ထားပါ။

ကြက်သွန်နီ တစ်လုံး ခပ်ကြမ်းကြမ်း လှီးထား ၊ ကြက်သွန်ဖြူ အမွှာကြီးကြီး ၇တက် ၈တက်ခန့် ဓားပြားရိုက် ထားပါ။ ဂျင်း ခပ်ပါးပါး ၃ကွင်းလောက် လှီးထားပါ။

ဒယ်ထဲဆီထည့် ကြက်သွန်ဖြူ ဂျင်း အရင်ထည့် မွှေးလာပြီဆို ဝက်သားကြိတ်ထားတာထည့် အသားတင်းလာတဲ့အထိ မွှေပေးပါ။ အသားတင်းပြီး ရေခြောက်လာရင် ရေနည်းနည်းထည့် အဖုံးအုပ်ပြီး ဝက်သား ကျက်သည်အထိ တည်ထားပါ။

ဝက်သားကျက်ပြီဆို နှစ်တစ်ရာသီး မုန်လာဥနီ ကြက်သွန်နီ ထည့် ဆား၊ ဟင်းခတ်မှုန့် နဲနဲ ထပ်ထည့်မယ် ။ မီးပြင်းပြင်းနဲ့ ကြော်ပါမယ်။ ရေထပ်မထည့်ပါဘူးရှင်။ ၅မိနစ် ခန့် မွှေကြော်ပြီးရင် ပန်းငရုတ်ပွ ထည့်ပါမယ်။ ခဏအဖုံးအုပ်ထားပြီး အသီးအနှံတွေ အစိမ်းရောင် တောက်လာတာနဲ့ မီးဖိုပေါ်က ချပါမယ်။
ကလေးတွေ ရော လူကြီးတွေပါ စားလို့ရတဲ့ အာဟာရ ပြည့်တဲ့ ဟင်းတစ်ခွက် ရပြီပေါ့။

Su's Homemade Pleasure See less

Credit : Facebook Shares

Ingredients

Directions