ဝက်ဂုတ်သားဆီပြန်ချက်နည်း
ဝက်ဂုတ်သား..၅၀သား
ကြက်သွန်နီ....၅ဥ
ကြက်သွန်ဖြူ...အမွှာကြီး ၅မွှာ
ဂျင်း..(ချင်း)..လက်မခန့်..တစ်တုံး
ဆီ ..၅ကျပ်သား
သကြား..ထမင်းစားဇွန်းဝက်
ဆား...ထမင်းစား ၁ဇွန်း
မျှင်ငါးပိ.. .ထမင်းစားဇွန်းဝက်
နနွင်းမှုန့်.. .သင့်ရုံ
ငရုပ်ပုသီး...၁၀တောင့်ခန့်
မန်ကျည်းသီး အရည်..(အနှစ်)..ကြက်ဥပုဂံလုံး ၁လုံး
ရေသန့် ၁..လီတာ
မဆလာ..ထမင်းစားဇွန်း..၁ဇွန်း
နံနံပင်.. .၅ပင်ခန့်
=============
ပြုလုပ်ပုံအဆင့်ဆင့်
=============
ပထမဦးစွာ ဝက်သားကို ဆေးကြောသန့်စင်ပြီးအနေတော်လှီးဖြတ်ထားပါ။ပြီးပါက ဆားနနွင်း သကြားတို့ဖြင့်နယ်ထားပါ။
ငရုပ်ပုကိုရေနွေးစိမ် အစေ့ဖယ်ပြီး ကြက်သွန်ဖြူနီ..(ချင်း)တို့ဖြင့်ညှက်အောင်ရောထောင်းထားပါ။
ဒယ်အိုးထဲဆီထည့်ပြီး မဆလာနှင့်မျှင်ငါးပိ နနွင်း မှူန့်ငရုပ်အနှစ်များဆီသတ်ပါ မွှေးလာပါက ဝက်သားထည့်ပါ ဝက်သားကိုရေခန်းပြီးခြောက်တဲ့ထိကြော်ပေးပြီးမှ ရေသန့်ထည့်ကာ အဖုံးအုပ်ပြီး နာရီဝက်ခန့်တည်ထားပါ။
ရေခန်းကာဆီပြန်လာခါနီးဆိုမန်းကျည်းရည်ထည့်ပြီး ၅မီနစ်ဆက်ထားပါ။ အရသာအပေါ့အငံမြည်းပြီး နံနံပင်အုပ်ပေးပြီးမီးပိတ်သုံးဆောင်နိုင်ပါပြီးရှင်..
ဟင်းချက်ဝါသနာရှင်များ မည်သူမဆိုShareလို့ရပါတယ်ရှင်။
Thida Lay Lay
Credit : Facebook Shares
Ingredients
Directions