ဝက်ခေါက်ကြော် ချဉ်စပ်သုပ်

1

ဝက်ခေါက်ကြော် ချဉ်စပ်သုပ်
ဝက်ခေါက်ကြော် ချဉ်စပ်သုပ် အတွက် လိုအပ်တာလေးတွေ…

ဝက်ခေါက်ကြော် – 200 g
လှီးထားသော သခွားသီး – 1 cup (250 ml)
ပါးပါးလှီးထားသော ဂေါ်ဖီထုပ် – 1 1/2 cups (375 ml)
ခပ်ကြမ်းကြမ်းလှီးထားသော ပူစီနံ (mint) – 1 cup (250 ml)
ပါးပါးလှီးကာ ရေဆေးထားသော ကြက်သွန်နီ – 1 cup (250 ml)
ပါးပါးလှီးထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန်း ၁ ဇွန်း (သို.) ကြိုက်သလောက်
ငရုတ်ဆီ – ထမင်းစားဇွန်း ၉ ဇွန်း
မန်ကျီးသီးရည် – ငရုတ်ဆီတွင် အချဉ်အရသာပါပြီးသာဖြစ်၍ ချင့်ချိန်ထည့်ပါ
ပဲငံပြာရည် အကျဲ (light soy sauce) – ထမင်းစားဇွန်း ၃ ဇွန်း
Chicken powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ

အသုံးပြုသည့် ဝက်ခေါက်ကြော်အမျိုးအစား ပေါ်မူတည်ပြီး အရသာ အလေး၊ အပေါ့ ကွာနိူင်တာကြောင့် အပေါ့၊ အငံ ချိန်ဆထည့်ပေးပါ။

ဝက်ခေါက်ကြော် ထည့်ထားသည့် ဇလုံထဲ ဆူနေသော ရေနွေး လောင်းထည့်ကာ အခေါက်များထဲ ရေစိမ့်ဝင်အောင် ၃၊၄ ချက် မွှေပေးပါ။

DSC05576

ထို့နောက် ဝက်ခေါက်ကြော်များ ပျော့သွားအောင် အဖုံးဖုံးထားပါ။

DSC05579

ဝက်ခေါက်ကြော်များပျော့သွားလျှင် ဇကာထဲထည့်ပြီး ရေစစ်ထားပါ။

DSC05582

ရေစစ်ပြီးလျှင် လှလှပပဖြစ်ပြီး၊ အရသာပိုဝင်အောင် အချောင်းလေးများဖြစ်အောင်လှီးပေးပါ။

DSC05583

ပြီးလျှင် ပါဝင်ပစ္စည်းအားလုံးကို ဇလုံတစ်လုံးထဲထည့်ပြီး ဖွဖွလေး ရောနယ်သုပ်လိုက်လျှင် စားကောင်းလှသော ဝက်ခေါက်ကြော် ချဉ်စပ်သုပ်လေးကို အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

DSC05586

Credit : Facebook Shares

Ingredients

Directions