ဝက်ကလီဇာအချိုကြော်နည်း

1

အခုချက်တဲ့ ဝက်ကလီဇာအစုံမှာ အသည်း , နှလုံး , အဆုတ် , သရက်ရွက် , အူမကြီးတွေပါပါတယ် ..

ကလီဇာတွေကို မလှီးမဖြတ်ပဲ အစုံလိုက်ရေဆေးပြီး ဆူအောင်တည်ထားတဲ့ ရေနွေးပူထဲ ခဏထည့်ပြုတ်ပါတယ် ..

၅မိနစ်လောက် ပြုတ်ပြီး ရေတွေအားလုံးသွန်ပစ်လိုက်ပါတယ် ..

နောက်ထပ်ရေအသစ်ထည့်ပြီး ပဲငံပြာရည်နဲ့ ဂျင်းလေးထုထည့် နာနတ်ပွင့်လေး တစ်ဝက်လောက် ဖဲ့ထည့်ပြီး နူးတဲ့ထိ ပြုတ်ပါတယ် ..

အသည်းကတော့ ခပ်စောစောလေး ဖယ်ထုတ်ထားရမှာပါ ..

သိပ်ကြာကြာပြုတ်ရင် မာသွားမှာပေါ့နော် ..

ရေကိုတော့ နူးချိန်နဲ့မှန်းပြီးအသင့်အတင့်ထည့်ရမှာပါ ..

နူးချိန်မှာရေများများကျန်နေရင် အလဟဿဖြစ်မှာမို့ပါ ..

နူးသွားတဲ့ ကလီဇာအစုံကို ပါးပါးစီလှီးပြီး ခရုဆီ , ပဲငံပြာရည်အပြစ် , ပဲငံပြာရည်အကျဲ , ထညက်လေးတစ်လုံး ထုထည့်ပြီးနယ်ထားပါ ..

ဒီထဲမှာ ကျမ အထူးထည့်ထားတာလေးက စမုံစပါးပါ .. စမုံစပါးနဲ့နာနတ်ပွင့်က ဝက်အချိုချက် , ဝက်သားတုတ်ထိုးတို့နဲ့အင်မတန် လိုက်ဖက်ပါတယ် ..

မွှေးပျံ့သွားစေတာ လက်တွေ့ထည့်ကြည့်ရင် သိရမှာပါ ..

ကလီဇာ ၆၀သား လောက်အတွက် စမုံစပါးလေး လဘက်ရည်ဇွန်းဝက်လောက်ကို မညက်အောင် ထုရုံလေးထုပြီး ထည့်ပါတယ်ရှင် ..

အားလုံးရောနယ်ပြီးရင် ဆီအနည်းငယ်ကို ဆူအောင်တည်ပြီး ကြက်သွန်ဖြူ ၄, ၅မွှာ .. ကြက်သွန်နီ ၃ဥလောက် ထက်ခြမ်းပိုင်းထည့်ပြီး အပူပေးပါ ..

ကြက်သွန်နီနွမ်းပြီး အဖတ်လေးတွေကွဲတဲ့ထိ ကြော်ပါ .. အဲဒိနောက် နယ်ထားတဲ့ ကလီဇာများထည့်လိုက်ပါ ..

ကော်မှုန့်လေး လဘက်ရည်ဇွန်းဝက်လောက်ကို ရေအေးနဲနဲနဲ့ဖျော်ပြီး လောင်းထည့်မွှေပါ ..

၃မိနစ်လောက် မွှေကြော်ပေးပြီးရင် ရပါပြီရှင် ..

ထမင်းလေးနဲ့ပဲစားစား .. ဘီယာလေးသောက်ရင်းပဲ မြည်းမြည်း .. လိုက်တယ်ပေါ့နော် .. 😀

....

Credit : အိမ်ရှင်မလက်ရာ

Credit : Facebook Shares

Ingredients

Directions