လာအို-ထိုင်း စတိုင် ဂဏန်းသား သင်္ဘောသီးထောင်း

1

အခြေခံသဘောတရားတူတဲ့ စားစရာ တစ်မျိုးတည်းကိုပဲ ဒေသတွေ၊ နိူင်ငံတွေ မတူတာနဲ့ ပါဝင်ပစ္စည်းများ ကွာခြားမှု အနည်းငယ် ရှိသွားကြပါတယ်။ သင်္ဘောသီးထောင်းကို ထိုင်းပုံစံထောင်းရင် ပုဇွန်ခြောက် (ပုံမပျက်အောင် ရေမစိမ်ပဲ ထောင်းကြပါတယ်)၊ ရွှွံ့ကဲ့သို့ စေးနေသော Pulm sugar အပျော့၊ ငါးငံပြာရည် နဲ့ မြေပဲလှော်ကို သုံးပြီး ငပိမထည့်ပဲ ထောင်းပါတယ်။ လာအိုပုံစံထောင်းရင်တော့ padek (fermented fish sauce) (သို့) စိမ်းစားငပိ (fish paste)၊ crab paste , ငါးငံပြာရည် နဲ့ ရိုးရိုးသကြားအဖြူ ကိုသုံးပြီး ပုဇွန်ခြောက် မထည့်ပါဘူး။ ကျွန်မကတော့ ထုံးစံအတိုင်း စားကောင်းဖို့ကို အဓိကထားသူမို့ မိမိကြိုက်တာလေးတွေ အပိုထည့်ပြီး ထောင်းထားပါတယ်ရှင်…. အစားအစာများ ရိုးရာမပျက်အောင် ထိန်းသိမ်းစောင့်ရှောက်လိုသူများ မိမိကြိုက်နှစ်သက်ရာနည်းကို အသုံးပြုနိူင်ပါတယ်ရှင်

soft shall crab (ဂဏန်းပျော့), salted crab ကို ကျွန်မ မစားတဲ့အတွက် ဆီမပါပဲ ကျက်ရုံ အိုးပူတိုက်ထားသော ဂဏန်းသား ကို သုံးထားပါတယ်။ ဂဏန်းသားရှာဖွေရတာမလွယ်ပါက ပုဇွန်ကိုအိုးပူတိုက်သုံးနိူင်သလို ဘာအသားမှ မထည့်လည်း ရပါတယ်။

ပဲတောင့်ရှည်သီး (long bean)၊ ခရမ်းကြွပ်သီး (Thai eggplant) များကိုလည်း ကြိုက်လျှင် ထည့်ထောင်းနိူင်ပါတယ်။

အခွံခွါပြီး ရေဆေးထားသော သင်္ဘောသီးကို ပုံပါအတိုင်း ဓါးဖြင့်ခပ်စိပ်စိပ်ပေါက်ကာ ပါးပါးလှီးထားပါ။ ခြစ်ပြီးသုံးနိူင်ပါသော်လည်း ဓါးဖြင့်ပေါက်တာက ပိုကြွပ်စေပါတယ်။ ( ကျွန်မသုံးသော သင်္ဘောသီးမှာ လတ်ပြီးကြွပ်သော်လည်း အဝါရိပ်သန်းနေ၍ အရောင်ကို စိတ်တိုင်းမကျပါ။။ ဝယ်ယူရ လွယ်ကူသူများ စိမ်းပြီး လတ်ဆတ်ကာ မာနေသော သင်္ဘောသီးကို သုံးစေချင်ပါတယ်။)

လာအို-ထိုင်း စတိုင် ဂဏန်းသား သင်္ဘောသီးထောင်း အတွက် လိုအပ်တာလေးတွေ…
ငရုတ်သီးစိမ်း – ၅ တောင့် (သို့) စားနိူင်သလောက် (ထောင်းရလွယ်ကူစေရန် ထက်ပိုင်းပြတ်လှီးထားပါ။)
ကြက်သွန်ဖြူ အတက်ကြီး – ၃ တက် (ထောင်းရလွယ်ကူစေရန် ထက်ပိုင်းပြတ်လှီးထားပါ။)
သကြား – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
စိမ်းစားငပိ – လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံခန့်
ပုဇွန်ခြောက် – ထမင်းစားဇွန်း ၁ ဇွန်း (ထောင်းသောအခါ အနည်းငယ်ညက်ပြီး အရသာဝင်စေရန် ၁ မိနစ်ခန့် ရေနွေးစိမ်ပြီး ရေပြန်စစ်ထားပါ)
ငါးငံပြာရည် – ထမင်းစားဇွန်း ၃ ဇွန်း
သံပရာ(ရို)ရည် – ထမင်းစားဇွန်း ၃ ဇွန်း (မန်ကျဉ်းရည်ကို အစားထိုးသုံးနိူင်ပါတယ်။)
၈ စိတ်ကွဲလှီးထားသော ဂေါက်သီးအရွယ် ခရမ်းချဉ်သီး – ၁ လုံး
၂ ခြမ်းဖြတ်ကာ ပါးပါးလှီးထားသော သံပုရာ(ရို)သီး – ၄ ပိုင်း (မထည့်လည်းရ)
ဓါးဖြင့်ပေါက်ကာ လှီးထားသော သင်္ဘောသီး – 2 cups (500 ml) ခန့်
အခွံမပါသော မြေပဲလှော် (သို့) မြေပဲကြော် – ထမင်းစားဇွန်း ၁ ဇွန်းခန့်
အိုးပူတိုက်ထားသည့် ဂဏန်းသား – 1/2 cup (125 ml)ခန့်

DSC01982

ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း နှင့် သကြား ကို ဆုံထဲထည့်ကာ အတော်လေး ညက်အောင် ထောင်းပါ။

DSC01985

စိမ်းစားငပိ နှင့် ပုဇွန်ခြောက်ထည့်ကာ အနည်းငယ်ညက်ရုံ ထောင်းပါ။
ငါးငံပြာရည်၊ သံပရာ(ရို)ရည်၊ ပါးပါးလှီးထားသော သံပုရာ(ရို)သီး နှင့် ခရမ်းချဉ်သီးကို ထည့်ကာ အရသာဝင်ရုံ အနည်းငယ်ထောင်းပါ။ (ကြေဖို့၊ ညက်ဖို့မလိုပါ။)

DSC01987

သင်္ဘောသီး၊ မြေပဲဆန် နှင့် ဂဏန်းအသားကိုထည့်ကာ ဇွန်း (သို့) spatual ကိုပါ တွဲသုံး၍ အရသာ နှင့် အဖတ်များ ရောနှောသွားအောင် မကြာခဏ အထက်အောက်လှန်ပြီးမွှေရောကာ ခပ်ဖွဖွထောင်းပါ။ (အဖတ်များ ကြေညက်သွားအောင် မထောင်းရပါ။)

DSC01989

အဖတ်များစိတ်တိုင်းကျ မရောနှောသေးဟုထင်ပါက လက်ဖြင့် ခပ်ဖွဖွနယ်ကာ အသုံးပြုလိုသော ပန်းကန်ထဲထည့်၍ ကြွပ်ပြီးချဉ်စပ်ကာ စားကောင်းလှသော လာအို-ထိုင်း စတိုင် ဂဏန်းသား သင်္ဘောသီးထောင်းကို အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

Crd.chawsu See less

Credit : Facebook Shares

Ingredients

Directions