လာဒူးမုန့်ချို ပြုလုပ်နည်း

1

*အိန္ဒိယ (ဟိန္ဒူ ) လူမျိုးတို့ရဲ့ ရိုးရာ လာဒူးမုန့်ချို ပြုလုပ်နည်း *

ဒီ မုန့်လေးက ဟိန္ဒူလူမျိုးတွေရဲ့ ဘယ်ပွဲပဲမဆို ပွဲတိုင်းမှာ မပါမဖြစ်ပါရတဲ့ သူတို့ရဲ့ အဓိက ရိုးရာမုန့်တစ်မျိုးပဲ ဖြစ်ပါတယ်။
အချိုကြိုက်တဲ့သူတွေကတော့ ဒီမုန့်လေးကို နှစ်သက်ကြမှာပါ။ ခရမ်းပြာကတော့ အချိုအစိမ့်တွေ အရမ်းကြိုက်တဲ့သူမို့ ဒီမုန့်လေးကိုလည်း ကြိုက်ပါတယ်။
စိတ်ဝင်စားတဲ့သူများ အိမ်မှာ ကိုယ့်ဟာကိုယ် လုပ်စားချင်တဲ့သူများ ခရမ်းပြာ လုပ်ပြထားတဲ့ နည်းလေးအတိုင်း စမ်းပြီး လုပ်ကြည့်လို့ရပါတယ်။လှပပြီး အနံ့အရာသာနှင့် ပြည့်စုံတဲ့ အိန္ဒိယ ဟိန္ဒူလူမျိုးတို့ရဲ့ ရိုးရာ လာဒူးမုန့်ချို
ဒါက မုန့်ပြုလုပ်ဖို့ အတွက် ပဲမှုန့်အစိမ်း ၅၀ သား သကြား ၁ပိဿ ထောပတ် ၁ဗူး ဗာလာစေ့အနည်းငယ် အစားအသောက်ဆိုးဆေး အဝါ အနီ အစိမ်းရောင် အနည်းငယ်စီ ပါ။ ပဲမှုန့် ၅၀ သားဆို မုန့်အလုံး ၁၀၀ ကျော်လောက် ရပါတယ်။ပြီးရင် ရေအေး ဖလားခွက်အပြည့် တစ်ခွက်ထည့်ပါ။ ရေကို တစ်ခါတည်း လောင်းမထည့်ပဲ အရင်ဆုံး တစ်ဝက်လောက်ထည့်ပြီး နယ်ပေးပါ။ ပဲမှုန့်တွေ အခဲအခဲလေးမဖြစ်အောင် နယ်ရမှာပါ။ အခဲလေးတွေ မရှိတော့ဘူး အကုန်ကြေသွားပြီဆို ဖလားထဲက ကျန်တဲ့ရေတစ်ဝက်ထပ်ထည့်ပြီး နယ်ပေး မွှေပေးပါ။ပဲမှုန့်ထဲ ရေထည့်မွှေပြီး ဒီလို အပျစ်မကျဲအနေအထားလောက်ဆို ရပါပြီ။ ဒါလေးကို ခဏထားထားပါ။သကြား ၁ ပိဿ ကို ရေနဲ့ ကြိုပါမယ်။သကြားတွေ အရည်ပျော်သွားပြီဆို နို့မှုန့်တစ်ထုတ် ဖောက်ထည့်ပါ။ ဒါက သကြားကို သန့်အောင် လုပ်လိုက်တာပါ။ အပေါ်ယံမှာ အမှိုက်နဲ့ အနည်လေးတွေ တက်လာပါလိမ့်မယ်။ ဇွန်းလေးနဲ့အသာ ခပ်ထုတ်လိုက်ပါ။သကြားကြိုတဲ့အခါ ဒီလို ညောင်စီးလေးကျ ( ကြွက်မြီးတန်း) ရင် ချလို့ရပါပြီ။ဖာလာစေ့ကို လှော်ပြီး အမှုန့်ဖြစ်အောင် ထောင်းပေးရမှာပါ။ မှုန့်သွားရင် ခဏက သကြားရည်ထည့် အဲ့ဖာလာစေ့အမှုန့်လေးတွေ ထည့်ပေးလိုက်ပါ။ ဖာလာစေ့က မုန့်အနံ့လေး မွှေးနေအောင် ထည့်ပေးရတာပါ။ပြီးရင် ပဲဆီသန့်သန့်နဲ့ ခဏက ပဲမှုန့်အရည်တွေကို ဒီလို အပေါက်ဖောက်ထားတဲ့ ဇကာလေးနဲ့ လောင်းထည့်ပြီး ကြော်ပေးရမှာပါ။ ဆီမသန့်ရင် စားရတာ မုန့်က စပ်ရှားရှားနဲ့ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပဲဆီသန့်နဲ့ကြော်တာက အကောင်းဆုံးပါပဲ။ဒါက ဆီအိုးထဲက ဇကာနဲ့စစ်ထည့်ထားတဲ့ ပဲမှုန့်အလုံးသေးသေးလေးတွေ။ အဲ့ဒါကို ဇွန်း ဒါမှမဟုတ် ဆီစစ်တဲ့ဇကာဇွန်းလေးနဲ့ မွှေပြီး ကြော်ပေးပါ။ ကျက်သွားရင်တော့ မွှေလိုက်တဲ့အခါ ရှလွတ် ရှလွတ်နဲ့ အသံလေးကြားရပါလိမ့်မယ်။ အဲ့ဒါဆို ဆီစစ်ဇကာနဲ့ ဆယ်ယူပြီး သကြားရည်ထဲကို အဲ့ပဲမှုန့်ကြော်လေးတွေ ထည့်လိုက်ပါ။ဒါက သကြားရည်ထဲ ပဲမှုန့်ကြော်လေးတွေ ထည့်လိုက်တာပါ။ ထောပတ်ကိုလည်း သကြားရည်ထဲပဲ ထည့်ပါ။ဒါက ပဲမှုန့်အရည်ထဲ ဆိုးဆေးအနီရောင်လေး နဲနဲထည့်လိုက်တာပါ။ပြီးရင် ခဏက လိုပဲ ဇကာထဲလောင်းထည့်ပြီး ကြော်ပါ။သကြားရည်ထဲ ထည့်ထားတဲ့ အဝါရောင်လေးတွေနဲ့အတူ ထပ်ကြော်လိုက်တဲ့ အနီရောင်လေးပါ ထပ်ပေါင်းထည့်ပါ။ ပြီးရင် သမအောင် မွှေပေးပါ။အဝါ အနီပြီးတော့ အစိမ်းရောင်လေးလည်း ထပ်ပြီးကြော်ထည့်ပါ။ သမအောင် မွှေပေးပါ။အစိမ်းနဲ့ အနီရောင်လေးကတော့ အရောင်လေး လှဖို့အတွက်မို့ နည်းနည်းဆိုရပါပြီ။ အဓိက က အဝါရောင်လေးကို များများသုံးပါတယ်။ ဒါကတော့ သကြားရည်ထဲ အကုန်ထည့်ပြီး ရောမွှေလိုက်တာပါ။အားလုံး သမအောင် ရောမွှေပြီးရင်တော့ အလုံးလေးတွေ ဖြစ်အောင် လက်လေးနဲ့ဆုတ်ပြီး လုံးပေးပါ။အားလုံး ပြီးသွားရင်တော့ ထောပတ်နံ့ ဖာလာနံ့လေး မွှေးမွှေးနဲ့ ချိုချိုအီအီ အိန္ဒိယ ( ဟိန္ဒူ ) ရိုးရာ လာဒူးမုန့်ချို ကို ရရှိပါပြီရှင်။
#crd

Credit : Facebook Shares

Ingredients

Directions