လက်ဖက် အစပ်နှပ်လုပ်နည်း

1

လက်ဖက်အသား (လက်ဖက်အညွန့် ) - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တလုံးခွဲစာ

ပုဇွန်ခြောက်မှုန့် - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တလုံးစာ

ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၀မွှာ

ငရုတ်သီးစိမ်း - ၁၅တောင့် အစပ်ကြိုက်လျှင် ပိုထည့်ပါ

ဆား - လက်ဖက်ရည်ဇွန်း တဝက်သာသာ

အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (မစားလျှင်မထည့်လဲရ)

မြေပဲဆီစစ်စစ် - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တလုံးသာသာ

လက်ဖက်အရွက်ကြမ်းဖြစ်ပါက လက်ဖက်အသားကို ရေ၂ထပ်လောက်ဆေးပြီး ရေစင်အောင်ညှစ်ပေးပြီးမှ ငရုတ်ဆုံထဲ ညက်နေအောင် ထည့်ထောင်းပေးပါ

=====
ပြုလုပ်ပုံ
=====

လက်ဖက်အညွန့်ကို ရေနှင့် ခပ်ဖွာဖွာလှုပ်ပြီး ဆေးကာ လက်နှစ်ဖက်နှင့် ရေစင်အောင် ညှစ်ပေးပါ

ရေစစ်သွားပါက ဇလုံကျယ်ကျယ်တလုံးထဲ ထည့်ပြီး ဖွထားပါ

ကြက်သွန်ဖြူ၇မွှာကို မညက်တညက်ထောင်းပေးပြီး ကျန်သုံးမွှာကို အကွင်းလိုက်လှီးထားပါ

ငရုတ်သီးစိမ်း ၁၃တောင့်ကို ညက်နေအောင် ထောင်းထားပြီး ကျန်၂တောင့်ကို အကွင်းလိုက်လှီးထားပါ

ဆား ပုဇွန်ခြောက်မှုန့် ငရုတ်သီးစိမ်းထောင်း အချိုမှုန့် ကြက်သွန်ဖြူထောင်းတို့ ထည့်ပေးပြီး ခပ်ဖွဖွ အားလုံးသမအောင်နယ်ပေးပါ

အရသာမြည်းကြည့်ပြီး လိုသလိုပြင်ပေးကာ အကွင်းလိုက်လှီးထားသော ငရုတ်သီးစိမ်း အကွင်းလိုက်လှီးထားသော ကြက်သွန်ဖြူနှင့်
ဆီထည့်ပြီး သမအောင်နယ်ပေးပါ

အားလုံးသမသွားပါက လေလုံသော ဖန်ပုလင်းထဲတွင် ဆီမြုပ်အောင်ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထားစားပါက နှစ်ပေါက်အောင် စားသုံးနိုင်တဲ့ လက်ဖက်အစပ်နှပ်လေးရပါပြီ။

Credit : Facebook Shares

Ingredients

Directions