လက်ဖက်အသားနှပ် ချဉ်ငံစပ် လုပ်နည်း

1

လက်ဖက်အသား (လက်ဖက်အညွန့် ) - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တလုံးခွဲစာ

ပုဇွန်ခြောက်မှုန့် - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တလုံးစာ

ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၅မွှာ

ငရုတ်သီးစိမ်း - အတောင်း့သး ၁၅တောင့် (အစပ်ကြိုက်ပါက ပိုထည့်ပါ)

သံပုရာသီး - အနေတော် တခြမ်း

ဆား - လက်ဖက်ရည်ဇွန်း တဝက်သာသာ

အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (မစားလျှင်မထည့်လဲရ)

မြေပဲဆီစစ်စစ် - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တလုံးသာသာ

လက်ဖက်အရွက်ကြမ်းဖြစ်ပါက ရေ၂ထပ်လောက်ဆေးပြီး ရေစင်အောင်ညှစ်ကာ ညက်နေအောင် ငရုတ်ဆုံထဲ ထည့်ထောင်းပြီးမှ နှပ်ပါ

======
ပြုလုပ်ပုံ
======

လက်ဖက်အညွန့်ကို ရေနှင့် ခပ်ဖွာဖွာလှုပ်ပြီး ဆေးကာ လက်နှစ်ဖက်နှင့် ရေစင်အောင် ညှစ်ပေးပါ

ရေစစ်သွားပါက ဇလုံကျယ်ကျယ်တလုံးထဲ ထည့်ပြီး ဖွထားပါ

ကြက်သွန်ဖြူ ၁၀မွှာကို မညက်တညက်ထောင်းထားပါ

ကျန်သောကြက်သွန်ဖြူ ၅မွှာကို အကွင်းလိုက်လှီးထားပါ

ငရုတ်သီးစိမ်း ၁၃တောင့်ကို ညက်နေအောင်ထောင်ပြီး ကျန်၂တောင့်ကို အကွင်းလိုက်လှီးထားပါ

ဆား ပုဇွန်ခြောက်မှုန့် ငရုတ်သီးစိမ်းထောင်း အချိုမှုန့် ကြက်သွန်ဖြူထောင်းနှင့် သံပုရာညှစ်ပေးပြီး ခပ်ဖွဖွ အားလုံးသမအောင်နယ်ပေးပါ

အရသာမြည်းကြည့်ပြီး လိုသလိုပြင်ပေးကာ ငရုတ်သီးအကွင်း ကြက်သွန်ဖြူအကွင်း ဆီထည့်ပြီး သမအောင်နယ်ပေးပါ

အားလုံးသမသွားပါက လေလုံသော ဖန်ပုလင်းထဲတွင် ဆီမြုပ်အောင်ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထားစားပါက နှစ်ပေါက်အောင် စားသုံး
နိုင်တဲ့ လက်ဖက်ချဉ်ငံစပ်လေးရပါပြီ။

Credit : Facebook Shares

Ingredients

Directions