လက်ဖက်ကော်ပြန့်စိမ်း

1

လက်ဖက်ကော်ပြန့်စိမ်း

အခြားနိင်ငံက လူတွေကအိစံကို ဘယ်နိုင်ငံကလဲလို့မေးရင် မြန်မာလို ဖြေလိုက်တဲ့အခါ သူတို့ဘာပြန်ပြောကြလဲဆိုတော့ ...အော် နင်တို့မြန်မာအစားအစာလေ မုန့်ဟင်းခါး နဲ့လက်ဖက်(tea leaf salad) အရမ်းကောင်းတယ်ဆိုပြီးပြောကြတယ်။ လက်ဖက်သုပ်ကို သူတို့အရမ်းကြိုက်ပါတယ်။ လက်ဖက်သုပ်စားပြီး သူတို့ပြောတာတခုရှိတယ် (Heaven in the mouth) တဲ့ပါးစပ်ထဲမှာ နတ်ပြည်ရောက်သွားသလိုပဲပေါ့နော်။ သူတို့က ပဲလှော်ကြော်အစုံနဲ့လက်ဖက်အရသာကို အရမ်းကြိုက်ပါတယ်။ ဒါပေမယ့် သူတို့ကြိုက်တဲ့လက်ဖက်သုပ်ပုံစံက ဖွဖွလေးသုပ်တာကိုပို ကြိုက်တယ်။ တချို့မြန်မာဆိုင်တွေက လက်ဖက်ကို ဆလပ်ရွက်နဲ့သုပ်တယ်။ အခုကတော့ သူတို့တွေလဲ ကြိုက် မြန်မာတွေလဲကြိုက်တဲ့လက်ဖက်ကို ကော်ပြန့်စိမ်းလေးနဲ့လိပ်ကြည့်ထားတာပါ။ အကုန်လုံးကြိုက်လိမ့်မယ်ထင်ပါတယ်။ လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ
၁။ လက်ဖက်ချဉ်ငံစပ်
၂။ ပုဇွန်ခြောက်ထောင်း
၃။ ခရမ်းချဉ်သီးအချဉ်သီး (ပါးပါးလှီး)
၄။ ဂေါ်ဖီထုပ် (ပါးပါးလှီး)
၅။ ဆလပ်ရွက်
၆။ ငရုတ်သီးစိမ်း (ပါးပါးလှီး)
၇။ ပဲလှော်ကြော်အစုံ

ပြုလုပ်နည်း
၁။ ကော်ပြန့်စိမ်းအရွက်ကိုပျော့ အောင် ရေနွေးနွေးထဲမှာ စိမ်ပါ။ (ရေနွေးနွေးကို ပြုလုပ်ပုံမှာ ရေအေး ၂ခွက်၊ ရေနွေး ၁ ခွက် ရောပါ။)
၂။ ပျော့လာသော ကော်ပြန့်စိမ်းအရွက်ကို ခင်း ၊ အဲဒီ အပေါ်မှာ ဆလပ်ရွက်ကိုတင် ပြီးရင် ပုဇွန်ခြောက်မှုန့်ကိုဖြူး ၊ ဂေါ်ဖီထုပ်၊ လက်ဖက်၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ပဲလှော်ကြော် တို့ကို ထည့်ရျ်လိပ်ပါ။

(အလှဆင်ချင်လျှင် ခရမ်းချဉ်သီးကို အပြင်ကို ထားပြီးလိပ်လို့လဲရပါတယ်။ လက်ဖက်ကို ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး ပုဇွန်ခြောက်တို့နဲ့သုပ်ပြီး ထည့်လိပ်လို့ရပါတယ်။ ချက်ချင်းစားမယ်ဆိုရင် သုပ်ပြီးမှလိပ်တာပိုကောင်းပါတယ်။)

#credit

Credit : Facebook Shares

Ingredients

Directions