ရှမ်းပိန္နဲသီးချက်

1

ရှမ်းပိန္နဲသီးချက်
ငါးပိရည်ကျိူ တစ်ဇွန်းစာယူ ရေ တရုတ်ပန်းကန်လုံး တစ်လုံးစာနဲ့ ဆနွင်းအနဲငယ်ထည့်ပြီး
ငါးတွေကြေသွားတဲ့ထိကျိူ ထားပါတယ်
ငြုတ်သီးစိမ်းလှော်(စားနိုင်သလောက်)+ကြက်သွန်ဖြူ နှစ်မွှာ+ငါးကြင်းပြု တ်/ကင် ထောင်းပြီး
ငါးပိရည်ကျိူ ထားတာနဲ့ ရောဖျော်ထားတာပါ
ပိန္နဲကွင်းလေး(၅၀၀ဖိုး) တွေကို အနေတော်တုံး ဆားရည်ခနစိမ်ထားပါတယ်

အိမ်မှာတော့ ဆီသတ်ချက်စားတာ နှစ်သက်တာမို့ ဆီသတ်ချက်စားလေ့ရှိတယ်
ဆီအနဲငယ်ပူလာရင် ညက်ညက်ထောင်း ကြက်သွန်ဖြူ (တစ်လုံး)+ကြက်သွန်နီ(တစ်ဥ)+ပဲပုပ်မီးကင်တစ်ချပ်+ဂျင်းအနဲငယ်+ရေစိမ်ထားတဲ့ငြုတ်ပုခြောက်၃တောင့်ကို
ဆနွင်းအနဲငယ်နဲ့ မွှေးတဲ့ထိဆီသတ်တယ်
ကြိတ်/လှီးထားတဲ့ ခရမ်းချဉ်သီးတစ်လုံးထည့်
ဆား ဟင်းခတ်မှုံ့နယ်ထားတဲ့ ကြက်သား(၁၅/၂၀ကျပ်သား)ထည့်မွှေတယ်
အသားမှာပါတဲ့ရေခမ်းမှ အသားနူးအောင် ရေထည့်အိုးအဖုံး ခနအုပ်ပေးတယ်
အသားကျက်မှ ပိန္နဲသီးလေးတွေထည့် အိုးအဖုံးခနပြန်အုပ်တယ်
အရည်ကျန်ချက်တာမို့ အရသာ ဆား ဟင်းခတ်မှုံ့ လိုသလိုဖြည့်စွက်တယ်
ကြက်သားလဲနူး ပိန္နဲသီးတုံးလေးတွေကျက်မှ စားခါနီး ဆူးပုပ်နဲ့ ပင်စိမ်းလေးခပ်ပါတယ်

Credit: Nang Nwe

Credit : Facebook Shares

Ingredients

Directions