ရွှေပဲသီးနှင့်ပုစွန်ကြော်နည်း
ရွှေပဲသီး...................၁၅ကျပ်သား
ပုစွန်ခွာပြီး.................၁၀ကျပ်သား
ကြက်သွန်ဖြူ............... ၃တက်ခန့်
ကြက်သွန်မြိတ်ဥ...........၅လုံး
ရွှေပဲသီးတွေကိုရေဆေးသန့်စင်ပြီးထိပ်၊အောက်အညှာဖြတ်ထားပါ။အလှဆင်လိုသူတွေကတော့ပဲသီးရဲ့ဟိုဖက်၊ဒီဖက်ထိပ်ကိုတြိဂံပုံလေးလှီးထုတ်ပစ်လိုက်ပါ။
ပုစွန်အကောင်သေးလေးတွေကိုလဲရေဆေး၊ အခွံခွာပြီးအရသာနယ်ထားပါ။
ကြက်သွန်ဖြူ ကိုဓားပြားရိုက်ထားပြီးကြက်သွန်မြိတ်ဥလေးတွေကိုအပေါ်ခွံလေးချွတ်ခွာထားပါ။
ကြက်သွန်မြိန်ဥမပါလဲရပါတယ်။ပိုလျှံနေလို့အရသာပိုချိုအောင်ထည့်လိုက်ခြင်းဖြစ်ပါတယ်။
ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်လေးကိုအပူပေးပါ။
ဆီပူလာလျှင်ဓားပြားရိုက်ထားတဲ့ကြက်သွန်ဖြူကိုဆီသတ်ပါ။ချက်ချင်းဆိုသလိုပုစွန်တွေထည့်ပါ (ကြက်သွန်ဖြူ တွေကျွမ်းသွားတဲ့အခါဟင်းပွဲမလှတော့ပါ)
ကြက်သွန်မြိတ်ဥလေးတွေလဲထည့်ကြော်ပါ။
ပုစွန်ကျက်စပြုပြီဆိုတာနှင့်ရွှေပဲသီးတွေထည့်ပါ။
ဆား၊သကြား၊ဟင်းခတ်မှုန့်၊ ခရုဆီတို့ဖြင့်အရသာဖြည့်စွက်ပါ။
မီးဖိုပေါ်ကချခါနီးမှာ ငရုတ်ကောင်းမှုန့်လေးဖြူ းပေးပါ။
စတင်ကြော်ချိန်မှသည်(၅)မိနစ်ထက်ကျော်လွန် ပြီးမချက်ပြုတ်သင့်ပါ။
Credit : Facebook Shares
Ingredients
Directions