ရေမုန်ညင်းသုပ် (သက်သတ်လွတ်)

1

ရေမုန်ညင်းသုပ် (သက်သတ်လွတ်)
-----------------------------------------------
ရေမုန်ညင်းကို အရန်ဟင်းအနေနဲ့ ကြော်စားလို့ရသလို ဟင်းချိုလည်း ချက်နိုင်ပါတယ်။ သုပ်စားမယ်ဆိုရင် အစိမ်းသုပ်နိုင်သလို ပြုတ်ပြီးလည်း သုပ်နိုင်ပါတယ်။ ဒီသုပ် နည်းမှာတော့ မန်ကျည်းမှည့်ရည်နဲ့ မြေပဲလှော်ထည့်ပြီး သုပ်တဲ့အတွက် အဆိမ့်အရသာနဲ့ အချဉ်အရသာပါရှိပါတယ်။ သံပရာရည်နဲ့သုပ်တဲ့ အသုပ်မျိုးလို ချဉ်တဲ့အရသာ
မဟုတ်ပေမယ့် ချဉ်ချဉ်ချိုချိုလေးမို့ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ ရေမုန်ညင်းအပြင် ဟင်းရွက်မျိုးစုံကိုလည်း ပြုတ်ပြီး သုပ်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ
• ရေမုန်ညင်း - ၂၇၀ ဂရမ် (၄ စည်း) (ေြွခပြီးသား)

Salad Dressing အတွက် လိုအပ်တာတွေကတော့-
• ငရုတ်သီးမှည့် အတောင့်အသေး - ၃ တောင့်
• ငရုတ်သီးစိမ်း - ၃ တောင့်
• ကြက်သွန်ဖြူ - ၃ မြွှာ
• ပဲငံပြာရည် - စားပွဲဇွန်း ၂ ဇွန်း
• ထန်းလျက် - ၁ ခဲ (၈ ဂရမ်) (ပါးပါးလှီးထားပါ)
• မြေပဲလှော် - စားပွဲဇွန်း ၃ ဇွန်း
• ဆား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ရေနွေး - စားပွဲဇွန်း ၂ ဇွန်း
• မန်ကျည်းမှည့်ရည် - စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်း
၁။ ရေမုန်ညင်းကို ပြုတ်ပြီး ဆယ်ယူထားပါ။
၂။ Salad Dressing အတွက် ငရုတ်သီးနှင့် ကြက်သွန်ဖြူကို ထောင်းပါ။
၃။ ကြေညက်သွားသည်နှင့် ပြီးလျှင် ထန်းလျက်ထည့်ထောင်းပါ။ ပြီးလျှင် ပန်းကန်ကြီး တစ်လုံးထဲ ထည့်ထားပါ။
၄။ ပြီးလျှင် မြေပဲလှော်ကို ထောင်းပြီး ငရုတ်သီးထောင်းပန်းကန်ထဲ ထည့်ပါ။
၅။ ပြီးလျှင် ရေနွေး၊ ပဲငံပြာရည်နှင့် မန်ကျည်မှည့်ရည်တို့ကို ထည့်ပြီး နှံ့စပ်အောင် မွှေပါ။
၆။ အရသာမြည်းပါ။ လိုအပ်ပါက ဆားထည့်ပါ။
၇။ စားသုံးမည်ဆိုပါက ပြုတ်ထားတဲ့ ရေမုန်ညင်းကို အသုပ်သုပ်မည့် ဇလုံထဲ ထည့်ပြီး အဆင်သင့်ပြင်ထားတဲ့Salad Dressing လောင်းထည့်ပါ။ ပြီးလျှင် နှံ့စပ်အောင် နယ်ပြီး သုံးဆောင်ပါ။
---------------------------------------------
Credit Myint Oo Tha See less

Credit : Facebook Shares

Ingredients

Directions