ရေမုန်ညင်းပဲပုပ်ကြော်

1

ရေမုန်ညင်းပဲပုပ်ကြော် (Stir Fried Watercress)
------------------------------------------------------------
သဘာဝ အလေ့ကျပေါက်တဲ့ ရေမုန်ညင်းကိုတော့ များသောအားဖြင့် ရှမ်းပြည်နယ်တွေမှာ တွေ့ရတတ်ပါတယ်။ ရေမုန်ညင်းကို သုပ်စား၊ ကြော်စား၊ ဟင်းချိုချက်စား နိုင်ပါတယ်။ ယခုတော့ ရှမ်းပဲပုပ်လေးနဲ့ ကြော်ထားတဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
• ရေမုန်ညင်း - ၁ ပန်းကန်
• ရှမ်းပဲပုပ်ထောင်း - စားပွဲဇွန်း ၁ ဇွန်း
• မြေပဲထောင်း - ၂ ဇွန်း
• ဆား - အနည်းငယ်
• ဆီ - အနည်းငယ်

ပြုလုပ်နည်း
၁။ ဦးစွာ ရေမုန်ညင်းနုနုကို အနေတော်အရွယ်လေးများ ဖြတ်တောက်၍ ရေဆေးပြီး ရေစစ်ထားပါ။
၂။ ရှမ်းပဲပုပ်ကို မီးကင်ပြီး ထောင်းထားပါ။
၃။ မြေပဲဆံကို လှော်ပြီး မညက်တညက် ထောင်းထားပါ။
၄။ အားလုံးအသင့်ဖြစ်လျှင် ကြော်မည့်အိုးကို အပူပေးပြီး ဆီထည့်ပါ။
၅။ ဆီပူလာလျှင် ရေဆေးပြီး ရေစစ်ထားသော ရေမုန်ညင်းကို ထည့်ကြော်ပါ။ ရှမ်းပဲပုပ်ထောင်းနှင့် မြေပဲဆံလှော်ထောင်းတို့ကို ထည့်ပါ။ အသုံးပြုသော ပဲပုပ်ပေါ် မူတည်၍ ဆားကို လိုသလောက် ထည့်ပြီး အားလုံးသမအောင် မွှေပါ။ လိုအပ်လျှင် ရေ အနည်းငယ်ထည့်ပါ။ မီးပြင်းပြင်းဖြင့် ခဏသာ ကြော်ပြီး အရသာအပေါ့အငန် မြည်းကာ ထမင်းပူပူဖြင့် တွဲဖက်တည်ခင်းနိုင်ပါပြီ။
--------------------------------

Crd.ဆိုဖီယာ

Credit : Facebook Shares

Ingredients

Directions