ရေညှိ ကော်ပြန့်ရွက်ကြော်

1

ရေညှိ ကော်ပြန့်ရွက်ကြော်
..........................................
ဒါကတော့ စင်ကာပူမှာ
တရုတ်နှစ်သစ်ကူးရောက်ရင်
အရမ်းရောင်းရတဲ့ သွားရည်စာတမျိူ းပေါ့။
တရုတ်အဘွားဆီကနေ လုပ်နည်းအမွေရခဲ့တာပါ။
လိုအပ်တာတွေကတော့
ကော်ပြန့်ရွက်၊ အရသာသွင်းပြီးသား ရေညှိချပ်နဲ့
ကြက်ဥအကာရည်တို့ပါပဲ။
ပထမအဆင့်အနေနဲ့
ကော်ပြန့်ရွက်တရွက်ကိုအရင်ဖြန့်ခင်းပါ။
ဘရက်ရှ်လေးနဲ့ ကြက်ဥအကာရည်လိုက်သုတ်ပါ။
ပြီးရင် ရေညှိအချပ်လေးတွေကို
နေရာခပ်ကျဲကျဲလိုက်ကပ်ပေးပါ။ပြီးရင် အပေါ်ကနေ
နောက်ထပ် ကော်ပြန့်ရွက် ထပ်အုပ်ပါ။
သဘောကတော့ ကော်ပြန့်ရွက်နှစ်ခု ကြားထဲ
ရေညှိကပ်တာပါ။ ကပ်ပြီးရင်
ကတ်ကြေးနဲ့ လေးထောင့်ပုံခပ်သေးသေးညှပ်ပြီး၊
ဆီပူပူ၊ မီးအေးအေးဖြင့်ခပ်မြန်မြန်ကြော်ပါ။
မဟုတ်ရင် ကော်ပြန့်ရွက်တွေအိပြီး
ပြန်ကွာကျတတ်လို့ပါ။ကြော်တဲ့ချိန်မှာလည်း
အရမ်းကြီးရွှေဝါရောင်သမ်းတဲ့ထိကြော်ရင်
ခါးသွားတတ်ပါတယ်။
ကြွပ်လာရုံနဲ့ ဆယ်လို့ရပါပြီ။

#Mogok Thu

 

Credit : Facebook Shares

Ingredients

Directions

1

ရေညှိ ကော်ပြန့်ရွက်ကြော်
..........................................
ဒါကတော့ စင်ကာပူမှာ
တရုတ်နှစ်သစ်ကူးရောက်ရင်
အရမ်းရောင်းရတဲ့ သွားရည်စာတမျိူ းပေါ့။
တရုတ်အဘွားဆီကနေ လုပ်နည်းအမွေရခဲ့တာပါ။
လိုအပ်တာတွေကတော့
ကော်ပြန့်ရွက်၊ အရသာသွင်းပြီးသား ရေညှိချပ်နဲ့
ကြက်ဥအကာရည်တို့ပါပဲ။
ပထမအဆင့်အနေနဲ့
ကော်ပြန့်ရွက်တရွက်ကိုအရင်ဖြန့်ခင်းပါ။
ဘရက်ရှ်လေးနဲ့ ကြက်ဥအကာရည်လိုက်သုတ်ပါ။
ပြီးရင် ရေညှိအချပ်လေးတွေကို
နေရာခပ်ကျဲကျဲလိုက်ကပ်ပေးပါ။ပြီးရင် အပေါ်ကနေ
နောက်ထပ် ကော်ပြန့်ရွက် ထပ်အုပ်ပါ။
သဘောကတော့ ကော်ပြန့်ရွက်နှစ်ခု ကြားထဲ
ရေညှိကပ်တာပါ။ ကပ်ပြီးရင်
ကတ်ကြေးနဲ့ လေးထောင့်ပုံခပ်သေးသေးညှပ်ပြီး၊
ဆီပူပူ၊ မီးအေးအေးဖြင့်ခပ်မြန်မြန်ကြော်ပါ။
မဟုတ်ရင် ကော်ပြန့်ရွက်တွေအိပြီး
ပြန်ကွာကျတတ်လို့ပါ။ကြော်တဲ့ချိန်မှာလည်း
အရမ်းကြီးရွှေဝါရောင်သမ်းတဲ့ထိကြော်ရင်
ခါးသွားတတ်ပါတယ်။
ကြွပ်လာရုံနဲ့ ဆယ်လို့ရပါပြီ။

#Mogok Thu

ရေညှိ ကော်ပြန့်ရွက်ကြော်