ရေညှိထမင်းလိပ် အပြင်လိပ်လိပ်နည်း

1

“[누드김밥 , Nude Gimbap]ကိုရီးယား ရေညှိထမင်းလိပ် အပြင်လိပ်လိပ်နည်း”

မင်မင်တို့ ကိုရီးယား စားသောက်ဆိုင်တွေ သွားစားတိုင်းမှာ တွေ့နေရတဲ့ ရေညှိထမင်းလိပ်
အပြင်လိပ် လိပ်နည်းကို ဒီနေ့ ပြောပြပေးမှာ ဖြစ်ပါတယ်...

အရင်ဆုံး ပါဝင်ပစ္စည်းများကို ပြောပြပါမယ်နော်..
ရေညှိ ၆ချပ် ၊ ထမင်း တစ်ပန်းကန် ၊ မုန်လာဥနီ ၂လုံး ၊ ဂဏန်းချောင်း ၁ထုပ် ၊ ဟင်းနုနွယ် တစ်ပိုင်း ၊ ကြက်ဥ ၅လုံး ၊ ကိုရီးယား မုန်လာဥဝါ ၁ထုပ် ၊ ကပ်စေးနှဲပင် ၁ထုပ် ၊ ဆား လက်ဖက်ရည်ဇွန်း ၃ဇွန်း ၊ နှမ်းဆီ လက်ဖက်ရည်ဇွန်း ၃ဇွန်း ၊ နှမ်း အနည်းငယ် ၊Spam(ဝက်သားပြား) ၁ထုပ် ၊

ပြုလုပ်နည်း
အရင်ဆုံး မုန်လာဥနီကို ပါးပါးရှည်ရှည် လှီးပြီး ဆီနည်းနည်းနဲ့ ကြော်ထားပါ။ ဝက်သားပြားကိုပါ အတူ ကြော်ထားပါ ။ ဂဏန်းသားကိုလည်း လှီးထားပါ ။ ဟင်းနုနွယ်ကိုတော့ ရေနွေးဖျော်ထားပြီး ရေစစ်ထားပါမယ် ။ ကြက်ဥကိုတော့ ပါးပါးကြော်ထားထားပါ တစ်ခြမ်းစီ ညှပ်ထားပါ ။ ဝိုင်းဝိုင်း ဝါဝါလေးနဲ့ လှအောင် လိပ်မလို့ပါ။
ပြီးရင် ထမင်းကို ဆား ၊ နှမ်း ၊ နှမ်းဆီးတို့ကို အနည်းငယ် ဆမ်းပြီး အရသာရှိအောင် နယ်ထားပါမယ် ။ ဒါဆိုရင် ပါဝင်ပစ္စည်းတွေ ပြင်ဆင်လို့ပြီးပြီပေါ့နော်။
ရိုးရိုး လိပ်နည်းကတော့ အားလုံးသိနေပြီးသားမလို့ မပြောတော့ပါဘူးနော်။ လှပစွာ အပြင်လိပ် လိပ်နည်းကိုပဲ ဒီတစ်ခါ ပြောပြပေးပါ့မယ် ။

ထမင်းနယ်ပြီးရင် စ လိတ်ပါမယ်
အရင်ဆုံး ရေညှိမှာ ထမင်းလက်တစ်ဆုပ်လောက် ဖြန့်ပြီး ကပ်ပေးပါ ။ ပြီးရင် ရေညှိကို ပြောင်းပြန်
ပြန်လှန်ပေးပါ။ ထမင်း မကပ်ထားတဲ့ ဘက်မှာ ပါဝင်ပစ္စည်းတွေ ထည့်ပြီး လိပ်လိုက်ပါ။
တစ်ခုချင်း ထည့်ပြီး ဖြည်းဖြည်းချင်း လိပ်သွားရင်
ထမင်းတွေ ကွာမချဘဲ လှလှပပ လိပ်နိုင်မှာ ဖြစ်ပါတယ် ။
ပါဝင်ပစ္စည်းများကို တစ်ခုချင်း ဖြေးဖြေးချင်းထည့်လိပ်ပါ
ဒါဆိုရင် လိပ်လို့ ပြီးပြီး ဖြစ်တဲ့ အတွက် စားဖို့ သင့်တော်မယ့် အရွယ်လေးတွေ လှီးလိုက်ပါ။
ကြက်ဥ အဝါလေးတွေကို ထင်းထင်းလင်းလင်း ပေါ်နေတော့ အရောင်လေးလည်း တော်တော်လှနေပါတယ် ။ ထမင်းလေးက ဖြူဖြူလေး ကြက်ဥလေးက ဝါဝါလေးတွေနဲ့ အရောင်လေးတွေလည်း လှ လိပ်တဲ့ ပုံစံလေးလည်း လှနေပါတယ် ။ ပုံမှန် ထမင်းလိပ်ထက် ဒီ အပြင်လိပ် ရေညှိထမင်းလိပ်က
ပို နူးညံ့ပြီး အရသာပိုရှိပါတယ် ။

Ramenလေးများ တစ်ထုပ်လောက် ပြုတ်ပြီး ဒီကင်ဘတ်လေးနဲ့များ စားရရင်တော့လေ...ဟိဟိ
သရေကျနေပြီမလား!!! မြန်မြန်လုပ်စားလိုက်တော့နော်..
တင်ဆက်ပေးတဲ့ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ စားပြီး အားအင်အပြည့်နဲ့ နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေနော်...

Credit : Facebook Shares

Ingredients

Directions