ရခိုင် ငါးငရုတ်သီးချက်

1

ငါးရွှေ (သို့မဟုတ်) ငါးကြင်း - ၂၀ ကျပ်သား

ကြက်သွန်နီ ဥကြီး - ၁ လုံး (မထူမပါး လှီးထားပါ)

ခရမ်းချဉ်သီး - ၆ လုံး (ထူထူ လှီးထားပါ)

ငါးပိ - ကွမ်းသီးလုံး ၃ လုံးခန့်

ငရုပ်သီးစိမ်းတောင့် - ၂၀ ခန့် (ထောင်းထားပါ)

နံနံပင် - အနည်းငယ်

မကျည်းသီး - အနည်းငယ်

ပြုလုပ်နည်း
=======

ငါးရွှေ (သို့မဟုတ်) ငါးကြင်းကို ရေဆေး သန့်စင်ပြီး အိုးအတွင်း ငါးကို ရေမြုတ်ရုံ ထည့်၍ ပြုတ်ပါ။

ငါးကျက်လျှင် အအေးခံ၍ အသားနွှင်ထားပါ။ ငါးအသားနွှင်သည့်အခါ အတုံးလေးများဖြစ်အောင် နွှင်ပါ။ ငါးအသားကို ကြေအောင် မဖြစ်ညှစ်ရပါ။

ငါးပြုတ်ရည်အိုးထဲတွင် ကြက်သွန်နီ ၊ ခရမ်းချဉ်သီးနှင့် ငါးပိ ကွမ်းသီးလုံး ၃ လုံးခန့်ကို ထည့်ပြီး တည်ပါ။

နံနံပင်နဲ့ မကျည်းသီးလေး စိမ်ထားပါ။

ငါးပိစိမ်းနံ့ ပျောက်၍ ကြက်သွန်နီနှင့် ခရမ်းချဉ်သီး ပျော့လာလျင် နွှင်ထားသည့် ငါးကို ထည့်ပါ။

ပြီးလျင် မကျည်းမှည့်အရည် ထည့်ပါ။

နောက်ထပ် ၁၀ မိနစ်ခန့် ထပ်တည်ပြီးလျင် အရသာ အပေါ့အငံ မြည်း၍ နံနံပင် အုပ်ပါ။

ငါးအသားလေး မကျေဘဲ အတုံးလေးနဲ့ အရသာရှိတဲ့ ငါးငရုတ်သီးချက်လေး ရပါပြီ ။

တို့စရာ စုံစုံလင်လင်နှင့် တွဲ၍စားလျင် အင်မတန် ထမင်းမြိန်၍ ဆီမပါသည့် ရခိုင် ငါးငရုတ်သီးချက် ဖြစ်ပါသည်။

Source: My Food Myanmar

Credit : Facebook Shares

Ingredients

Directions