ယာတောဟင်း

ဆီကြောက်တတ်သူတွေအတွက်
ရေလုံပြုတ်တစ်ခွက်။
ရေလုံပြုတ်ဆိုပေသိခံတွင်းတော့လိုက်စေမှာပါ။
သက်သတ်လွတ်စားသူတွေကပုစွန်ခြောက်လေးရှောင်ပါ။

1

ကန်စွန်းရွက်...........၁၀ပင်

ရုံးပတီသီး............. ၄တောင့်

ဆူးပုတ်................၁၀ညွှန့်

ခွေးတောက်ရွက်.......၅ညွှန့်

ခရမ်းသီး သေး.........၁လုံး

မျှစ်နီအမျှင်...............အနည်းငယ်

ငရုတ်သီးစိမ်း...........၅တောင့်

ကြက်သွန်နီ............. ၁ခြမ်း

ခရမ်းချဉ်သီး.............၁ခြမ်း

ကြက်သွန်ဖြူ.............၃တက်

ပုစွန်ခြောက်.............အနည်းငယ်

ပထမဆုံးခရမ်းသီးကိုခပ်စောင်းစောင်းလှီးပြီးဆားပါသောရေမှာခေတ္တစိမ်ထားပါ။

ရုံးပတီသီး ကိုလဲပါးပါးစောင်းပြီးလှီးပါ။

အခြားအရွက်တွေကိုသင့်တင်သလိုခြွေယူပါ။

ကြက်သွန်နီ ၊ ခရမ်းချဉ်သီး ၊ ငရုတ်သီးစိမ်း တွေကိုပါးပါးလှီးပြီးကြက်သွန်ဖြူ ကိုထောင်းပါ။

အိုးတစ်လုံးမှာရေ လက်ဖက်ရည်ပန်းကန်၁လုံးစာကိုအပူပေးပါ။ ပုစွန်ခြောက်၊ပါးပါးလှီးထားသောကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းနှင့်ထောင်းထားသောကြက်သွန်ဖြူ အရောကိုထည့်ပါ။

ဆား၊ဟင်းခတ်မှုန့်၊ တို့ဖြင့်အရသာဖြည့်ပါ။အဖုံးဖုံးထားပါ။

ရေပွက်ပွက်ဆူလာလျှင် ခရမ်းသီးတွေထည့်ပါ။

အဖုံးခေတ္တပြန်အုပ်ထားပါ။ခရမ်းသီးတွေစိမ်းရောင်

ပြောင်းလာလျှင်ရုံးပတီသီးနှင့်မျှစ်နီအမျှင်ကိုထည့်ပါ။

စိမ်းနံပျောက်သွားပြီဆိုမှကျန်တဲ့အရွက်တွေရောထည့်ပြီးမွှေပေးပါ။

တည်ခင်းမည့်ပန်းကန်ထဲသို့ချက်ချင်းပြောင်းထည့်ပါ။

Crediit--- Win Naing Thein

Credit: Facebook Share

Ingredients

Directions