မှို နှင့်ပင်လယ်စာသုပ်

1

မှို နှင့်ပင်လယ်စာသုပ်

မှို နှင့် ပင်လယ်စာ နှမ်းဆီသုပ် အတွက်လိုအပ်တာလေးတွေ…

ပင်အပ်မှို (Enoki Mushroom) – 400 g
ဓါး နှင့်မွှန်းကာ ၄ ပိုင်းဖြတ်ထားသော squid – 1 cup (250 ml) ခန့်
ပုဇွန် အသေး – 1 cup (250 ml) ခန့်
နှမ်းဆီ – ထမင်းစားဇွန်း ၃ ဇွန်း (45 ml)
အစေ့ထုတ်ကာ ပါးပါးလှီးထားသော ခရမ်းချဉ်သီးအစိမ်း အလုံးကြီး – ၁ လုံး
ပါးပါးလှီးကာ ရေဆေးထားသော ကြက်သွန်နီ – 1/2 cup (125 ml) ခန့်
ပါးပါးရှည်ရှည်လှီးထားသော မုန်လာဥနီ – 1/2 cup (125 ml) ခန့်
ပါးပါးလှီးထားသော ပူစီနံ (mint) – 1/2 cup (125 ml) ခန့်
ပါးပါးလှီးထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
သံပုရာရည် – ထမင်းစားဇွန်း ၃ ဇွန်းခွဲ
ငါးငံပြာရည် – ထမင်းစားဇွန်း ၄ ဇွန်း
chicken powder – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ငရုတ်သီး အကြမ်းမှုန့်ကြော် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
နှမ်းမဲလှော်ထောင်း – ထမင်းစားဇွန်း ၁ ဇွန်းခွဲ

ရေဆေး၊ အမြစ်ဖြတ်ထားသောမှိုများကို ပွက်ပွက်ဆူနေသော ရေနွေးထဲထည့်ကာ အဖုံးမဖုံးပဲ ၁ မိနစ် ထားပါ။
ပြီးလျှင် ရေနွေးများကို သွန်ပစ်ပြီး မှိုထဲမှ ရေများကုန်အောင် စစ်ထားပါ။
ရေဆေးပြီး ရေတတ်နိူင်သမျှ မကျန်အောင်စစ်ထားသော squid နှင့် ပုဇွန် ကို နှမ်းဆီထည့်ပြီး ၃ မိနစ်ခန့် လှော်(ကြော်)ထားပါ။

မှို၊ squid နှင့် ပုဇွန်တို့ အေးသွားလျှင် ကျန်သည့် ပါဝင်ပစ္စည်းများနှင့် ရောကာ ဖွဖွလေးရောနယ်သုပ်ပေးပါ။

မှို နှင့် ပင်လယ်စာ နှမ်းဆီသုပ်လေး ကြက်ဥသီးစုံချဉ်ရည်၊ ငါးပိရည်ကျိုတို.နှင့် တွဲဖက်စားရန် အသင့်ဖြစ်ပါပြီ။

Credit : Facebook Shares

Ingredients

Directions