မှို၊ကန်စွန်းရေစပ်စပ်ချက်

1

ကောက်ရိုးမှို............၁၀ကျပ်သား

လယ်ကန်စွန်း............၂စည်း

ကြက်သွန်နီ.. ..........၁ခြမ်း

ကြက်သွန်ဖြူ............၃တက်

ခရမ်းချဉ်သီး............၁လုံး

ငရုတ်သီးစိမ်း.. ........၂တောင့်

ငရုတ်ခွဲကြမ်းမှုန့်........အနည်းငယ်

မှိုကိုရေဆေးသန့်စင်ပြီးလေးခြမ်းခွဲထားပါ။

လယ်ကန်စွန်းကိုနုတဲ့အပိုင်းလေးရွေးပြီးသန့်စင်ပါ။

ကြက်သွန်နီ ၊ခရမ်းချဉ်သီး၊ငရုတ်သီးစိမ်းကိုပါးပါးလှီးပါ။ကြက်သွန်ဖြူကိုညှက်အောင်ထောင်းပါ။

အိုးတစ်လုံးထဲမှာရေလက်ဖက်ရည်ပန်းကန်၁လုံးစာနှင့်အတူမှို၊ကန်စွန်းရွက်မှအပကျန်သည့်အရာများကိုရောထည့်ပြီးအပူပေးပါ။

ဆား၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာသွင်းပေးပါ။

ပြုတ်ရည်ဆူပြီဆိုတာနှင့်မှိုကိုဦးစွာထည့်ပါ။မီးရှိန်ကိုအမြှင့်ဆုံးတင်ပြီးမှကန်စွန်းရွက်ထည့်ပါ။

အနည်းငယ်မွှေပြီးကန်စွန်းရွက်တွေအရောင်မပြောင်းခင်မှာတည်ခင်းမည့်ပန်းကန်ထဲသို့လှယ်ထည့်ပါ။

မှတ်ချက်။အိုးထဲမှာအချိန်ကြာမြှင့်စွာထားလျှင်အိုးအပူရှိန်ကြောင့်ကန်စွန်းရွက်တွေဝါသွားတတ်ပါသည်။

Credit : Facebook Shares

Ingredients

Directions