မှိုဟင်းထုပ် နှင့် ကြက်သွန်ဖူး ထုပ်

1

မှိုဟင်းထုပ် နှင့် ကြက်သွန်ဖူး ထုပ်

ဟင်းထုပ် ထုတ်ရာမှာ အဓိက ကြုံရလေ့ရှိတဲ့ ပြသနာကတော့..မာမာကြီးဖြစ်နေတတ်တာပါ။ ကိုယ်စားခဲ့ဘူးတဲ့ ဟင်းထုပ်လေးတွေကို ပြန်သတိရရင်း ဆန်မှုန့်ကိုအများကြီး ထည့်ရတာ၊ အသီးရွက်က ပါလေရာလေးထည့် ရတာလို့ ထင်ချင်စရာ၊ တကယ်တော့ ထည့်တဲ့ အသီးရွက်ရဲ့ အလေးချိန်က ဆန်မှုန့် အလေးချိန်ထက်များပါတယ်..။ ရေထည့်တာ လည်း နဲသွားတတ်ပါတယ်..။ ပါဝင်တဲ့ အသီးအရွက်မှာ ပါဝင်တဲ့ ရေ ပမာဏ အနည်းအများအပေါ်မူတည်ပီး ရေကို ချင့်ချိန်ထည့်ရတာမို့ ရေပမာဏကို အတိအကျ ပြောဘို့ ခက်ပါတယ်။ မမီးက အတိအကျ ပြောရင်တောင်..အတိအကျ လိုက်လုပ်မည့်သူ နည်းပါတယ်..။ မမီးကိုယ်တိုင်ကလည်း အဲလိုမျိုးကြီး..။ အခု ဟင်းထုပ်ကို Oyster muchroom နဲ့ လုပ်ထားပါတယ်.. ကြွတ်ကြွတ် ထုတ်ထုတ် ရှိတဲ့မှို ၊ ချိုတဲ့မှို ..မည်သည့် မှို အမျိုး အစားကို မဆို အသုံးပြုနိုင်ပါတယ်..။
ပါဝင်ပစ္စည်းများ
1. ထိုင်း ဆန်မှုန့် ၇၅ ဂရမ် ( ၅ ကျပ်သားလျှော့လျှော့ခန့်)
2. ပလောပီနံ ကော်မှုန့် ၁ စားပွဲဇွန်း
3. ဆီ ၅ စားပွဲဇွန်း
4. ရေ သင့် ရုံ
5. ဆား သင့် ရုံ
6. သကြား အနည်းငယ်
7. မှို ၂၀၀ ဂရမ်
8. ဖက် ၄ ထုပ်စာ
တွဲဘက်စားသုံးရန်
1. ငရုပ်သီးကြော်
2. ကြက်သွန်ဖြူကြော်ဆီချက်
3. နံနံပင်
4. ဂေါ်ဖီ
5. ဆန်လုံးစီကြော်၊ တိုဟူးကြော်၊

ပြုလုပ်နည်း
1. မှိုကို အရင်းပိုင်း ညိုမဲနေသည်များကို ဖြတ်ထုတ်ပီး၊ ရေဆေး ရေစစ်ထားပါ။ ဆီ အနည်းငယ်နဲ့ ကြက်သွန်ဖြူ တမွှာ ဒါးပြားရိုက်ပီး ၊ ၁မိနစ်ခန့် မှိုနွမ်းသွားရုံလေးကြော်ပါ၊ မာမာတင်းတင်းဘဲဖြစ်နေရမည်..ပျော့အိမသွားရပါ။
2. ပါဝင်ပစ္စည်း ၁ မှ ၆ အထိကို ဇလုံ တခုတွင် သမအောင် ရောနယ်ပါ။
3. ဆန်မှုန့် အနှစ်ထဲ မှိုထည့်နယ်ပါ ၊ ဆန်မှုန့် ရည်ကခပ်ပြစ်ပြစ်လေး ဖြစ်နေရပါတယ်။ နယ်ထားတဲ့မှိုကို လေးပုံ ပုံပါ၊ ဖက်တွင် တပုံထည့်ပီး နှစ်သက်သလို ထုတ်ပါ။ ဖက်မှာ အပေါက်ပြဲ မရှိစေရပါ။
4. အဖုံးလုံသော အိုးတွင် ရေ ၁လက္မခန့်ထည့်၊ ဇကာခံပီး ၂၀ မိနစ်ပေါင်းပါ။

Credit : Facebook Shares

Ingredients

Directions