မှိုငပိသုပ် ရှူးရှူးရှဲရှဲ

1

မှိုငပိသုပ် ရှူးရှူးရှဲရှဲ

ပထမဆုံး မှိုလေးတွေကို ရေဆေးကာ အနည်းငယ်ဖဲ့ရွဲ့ထားပါ။ (နူးညံ့သည့် မှိုအမျိုးမျိုးကို သုံးနိူင်ပါသည်။)
ပြီးလျှင် ရေနွေးဆူဆူထဲ ထည့်ကာ အဖုံး ဖုံးပြီး ၂ မိနစ်ခန့်ထား၍ ရေပြန်စစ်ထားပါ။

မှိုငပိသုပ် ရှူးရှူးရှဲရှဲ အတွက် လိုအပ်တာလေးတွေ…

ရေပူထဲ စိမ်ကာ ရေစစ်ထားသော Shimeji Mushroom – 300 g
ဆီအနည်းငယ်နှင့် လှော်ကာ ခပ်မွမွထုထားသော လက်မအရွယ် ပုဇွန် – ၁၇ ကောင် (ပုဇွန် မွမွလေးဖြစ်မှ ပိုပြီးစားကောင်းတာမို. ပုဇွန်တစ်ကောင်ကို ၃ ချက်ခန့် ငရုတ်ကျဉ်ပွေ့ဖြင့် ဖွဖွထုပေးပါ။)
ပါးပါးလှီးကာရေဆေးထားသော ကြက်သွန်နီအရွယ်လတ် – ၁ လုံး
ပါးပါးလှီးထားသော ရှောက်ရွက် – ၁၀ ရွက်
ပါးပါးလှီးထားသော ငရုတ်သီးစိမ်း – ၁၀ တောင့်
သံပုရာရည် – ထမင်းစားဇွန်း ၃ ဇွန်းခန့်
သကြား – လက်ဖက်ရည်ဇွန်း တစ်ဝက်ခန်.
chicken powder – လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်
ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်
ဖုတ်ထားသော (သို့) microwave ထဲ စက္ကန့် ၃၀ ခန့်ထည့်ထားသော စိမ်းစားငပိ – ထမင်းစားဇွန်း ၁ ဇွန်း

ငပိများကြေသွားအောင် သံပရာရည်နှင့် ဦးစွာရောဖျော်ပြီး ကျန်သော ပါဝင်ပစ္စည်းများနှင့် ဖွဖွလေးရောနယ်သုပ်လိုက်လျှင် စားကောင်းလှသော မှိုငပိသုပ် ရှူးရှူးရှဲရှဲလေး စားရန် အသင့်ဖြစ်ပါပြီ။

Credit : Facebook Shares

Ingredients

Directions