မြစ်သားကြက်သွန်နီဥသုပ်

1

မြစ်သားကြက်သွန်နီဥသုပ်
.....................

ကြက်သွန်ဥသုပ်ကလည်း ကျွန်တော်တို့အိမ်မှာ အမြဲသုပ်စားလေ့ရှိပါတယ်။ ပဲဟင်းချို၊
ငါးပိကြော်လေးနဲ့ဆို အရမ်း လိုက်ဖက်ပြီး ထမင်းမြိန်စေတဲ့ အသုပ်လည်းဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ
• ကြက်သွန်နီဥအသေး - ၆၀ဝ ဂရမ်(အခွံနွှာထားပါ)
• မန်ကျည်းမှည့်အနှစ် - စားပွဲဇွန်း ၇ ဇွန်း
• ရေ - ၆၀ဝ မီလီလီတာ
• ဆီ - စားပွဲဇွန်း ၃ ဇွန်း
• ကြက်သွန်နီဥအကြီး - ၁၀ဝ ဂရမ် (ပါးပါးလှီးထားပါ)
• မြေပဲလှော် - စားပွဲဇွန်း ၂ ဇွန်း
• ဆား - အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်
၁။ ကြက်သွန်နီဥအသေးကို အခွံနွှာထားပါ။
၂။ ပြီးလျှင် အိုးတစ်အိုးထဲ ရေနဲ့ မန်ကျည်းမှည့်အနှစ်ထည့်ပြီး ဆူအောင်တည်ထားပါ။
၃။ ဆူသည်နှင့် ကြက်သွန်နီဥအသေးကို ထည့်ပြီး ပြုတ်ပါ။ မိနစ်၂၀ ခန့် ပြုတ်ပြီးလျှင် ကြက်သွန်နီဥများ နူးအိလာမှာဖြစ်ပါတယ်။ ကြက်သွန်နီဥပြုတ်က နူးအိပြီး ချဉ်ချဉ်လေးဖြစ်နေရပါမယ်။
၄။ ပြုတ်ထားတဲ့ ကြက်သွန်နီဥအသေးများကို အိုးထဲမှ ဆယ်ယူပြီး ရေစစ်ထားပါ။
၅။ ပါးပါးလှီးထားတဲ့ ကြက်သွန်နီဥအကြီးကို နီညိုရောင်သန်းလာအောင်ကြော်ပြီး ထားပါ။ ကြက်သွန်နီကြော်နဲ့ ဆီချက်အဆင်သင့်ရပြီဆိုသည်နှင့်...
၆။ မြေပဲလှော်ကိုလည်း ထောင်းထားပါ။
၇။ အသုပ်သုပ်မည့်ဇလုံထဲ ပြုတ်ထားတဲ့ ကြက်သွန်နီဥအသေး၊ မြေပဲထောင်း၊ ကြက်သွန်ကြော်တစ်ဝက်၊ ဆီချက်၊ ဆားထည့်ပြီး နယ်ပါ။
၈။ စားမယ့်ပန်းကန်ပြားထဲ ပြောင်း၍ထည့်ပြီး ချန်ထားတဲ့ ကြက်သွန်နီကြော်ကို ဖြူးကာ သုံးဆောင်ပါ။
.....................................
Crd
MyintOoTha See less

Credit : Facebook Shares

Ingredients

Directions