မျှစ် ငါးဖယ်ဆီပြန်

1

ငါးဖယ်ကို ဂျင်း ကြက်သွန်ဖြူထောင်းတာနဲ့ ရောပြီး စေးနေအောင်ထောင်းပါတယ် ..

ပြီးတော့ စဉ့်တီတုံးပေါ် ဆနွင်းမှုန့်နဲ့ဆားလေးဖြူးပြီး မာလာအောင် ရိုက်ပေးပါတယ် ..

ပြီးရင်တော့ လက်ကို ဆီလေးဆွတ် , နှစ်သက်ရာပုံစံလေး လုံးလိုက်ပြီး ဆီပူပူများများမှာ အပေါ်ယံလေးတင်းအောင် ခန ကြော်လိုက်ပါတယ် ..

မျှစ်လေးတွေက နုတဲ့အတွက် ကျမ ရေနွေးနဲ့ဆေးရုံဆေးပြီး အဝိုင်းလေးတွေ လှီးပါတယ် ..

နဲနဲရင့်ခဲ့ရင်တော့ တစ်ရေလောက် ပြုတ်ပြီး ပြုတ်ရေသွန် , ပြီးမှလှီးသင့်ပါတယ် ..

ငါးဖယ်ကြော်ထားတဲ့ဆီကို နဲနဲခပ် ဖယ်ထားပြီး သင့်တင့်သောဆီထဲမှာ ငရုတ်ပွခြောက် , ကြက်သွန်အဖြူ, အနီ ထောင်းထားတာလေး ဆီသတ်ပါမယ် ..

ကြက်သွန်ဆီသေရင် ငပိစိမ်းစား အနည်းငယ် ရေဖျော်ထည့်ပါ .. ခရမ်းချဉ်သီးလေးပါထည့်ပြီး ဆီသတ်ပါ ..

ရေခြောက်လာရင် ငါးဖယ်ကြော်လေးရော မျှစ်ရော ငရုတ်သီးစိမ်းတောင့်လေးပါ အတူရောထည့် လုံးမွှေပေးပါ ..

ဗမာငံပြာရည် , ဟင်းခတ်မှုန့်လေးထည့်ပါ ..

ငါးဖယ်အတွင်းသား ကျက်အောင်နဲ့အရသာတွေအားလုံး ရောနှောစိမ့်ဝင်အောင် ရေကို ကော်ဖီပန်းကန် ၁လုံးစာလောက်ထည့်ပေးပါ ..

အဖုံးလေးဖုံးထားပေးပါ .. ရေခမ်း ဆီပြန်လာရင် အရသာရှိတဲ့ မျှစ်ငါးဖယ်ဆီပြန်ဟင်းလေး ရပါပြီရှင် ..

မျှစ် နေရာမှာ .. မျှစ်ချဉ် , အာလူး , ဂေါ်ရခါးသီး ,စသည်ဖြင့် နှစ်သက်ရာရာ ..တီထွင် ရောစပ်ကြည့်နိုင်ပါတယ် ..

....

အိမ်ရှင်မလက်ရာ

Credit : Facebook Shares

Ingredients

Directions