မျှစ်သုပ်

ခုလိုရာသီဥတုလေးနဲ့ဆိုရင်တော့ဒီလိုရိုးရှင်းတဲ့မျှစ်သုပ်လေးသုပ်စားကြဖို့အကြံပေးပါရစေ။မျှစ်ရဲ့ချို စိမ့်တဲ့အရသာလဲပျက်မသွားစေပဲ
ချဉ်ငံစပ်လေးဆိုတော့ခံတွင်းတွေ့မှာအမှန်ပဲ။

1

မျှစ်ချိုနု................... ၂၀ကျပ်သား

ကြက်သွန်နီ..............၂လုံး

ငါးပိ........................၁ဇွန်း

ပုစွန်ခြောက်မှုန့်.........၂ဇွန်း

သံပုရာသီး...............၁လုံး

မျှစ်စို့နုလေးတွေဆိုရင်တော့ဦးစွာပြုတ်ပြီးမှအမျှင်ခြစ်ပါ။ ခြစ်ပြီးသားဆိုရင်လဲ ရေနွေးဖြင့်ထပ်ပြုတ်ပြီးမှရေအေးလောင်းအအေးခံထားပါ။

ကြက်သွန်နီကိုပါးပါးလှီးပြီးရေဆေးပါ။ပုစွန်ခြောက်မှုန့်ကတော့ကိုယ်တိုင်ကြိတ်(သို့)ထောင်းနိူင်ရင်ပိုကောင်းပါတယ်။

ငါးပိကိုလဲဇွန်းပြားလေးမှာကပ်ပြီးမွှေးနေအောင်ကင်ပြီးချေမွှထားပါ။ငရုတ်သီးစိမ်းကိုပါးပါးလှီးထားပါ။

မျှစ်တွေကိုဇလုံထဲထည့်၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ငါးပိကင်၊ ပုစွန်ခြောက်မှုန့်တွေထည့်ပြီး၊ ဆားနှင့်ဟင်းခတ်မှုန့်ထည့်ကာသံပုရာရည်လေးညှစ်ချပြီးနယ်ပါ။

ဒီနည်းက ဆီ ၊ ဆီချက်တွေမပါတဲ့တောဆန်ဆန်သုပ်နည်းဖြစ်သည်ဆိုပေမယ့်အနံ့၊အရသာကတော့ထူးခြားအံ့သြဖွယ်ပါပဲ။

Credit----Win Naing Thein

Credit: Facebook Share

Ingredients

Directions