မျှစ်ရေစိမ်ပင်စိမ်းမွှေး

1

မျှစ်ရေစိမ်ပင်စိမ်းမွှေး
°°°°°°°°°°°°°°°°°°°

လတ်ဆတ်တဲ့ရာသီပေါ်မျှစ်တွေကိုစားမယ်ဆို
ရင်ရေ(၁)ရက်ခန့်စိမ်ပြီး(၁)ကြိမ်လောက်လဲပြုတ်
ပေးရပါတယ်။အခန့်မသင့်ရင်အစာအဆိပ်သင့်တတ်ပါတယ်။

မျှစ်စို့ကြီး...................၁ခု
ကြက်သွန်နီ...............၁လုံး
ကြက်သွန်ဖြူ............... ၅တက်
ပင်စိမ်း.......................၁စည်း
ငရုတ်သီးစိမ်း...............၃တောင့်

လတ်ဆတ်တဲ့မျှစ်စို့ကိုအခွံတွေပြောင်စင်အောင်ခွာပြီးအပေါ်ယံကြောတွေလှီးချပါ။

မိမိနှစ်သက်တဲ့အချပ်(သို့)အမျှင်လှီးပြီးရေစိမ်ထားပါ။အနည်းဆုံး(၃)ကြိမ်ခန့်ရေလဲလှယ်ပေးပါ။

ချက်မယ့်နေ့မှာရေနွေးဆူဆူထဲထည့်ပြီး(၁၅)မိနစ်ခန့်ပြုတ်ပြီးရေအေးလောင်း၊ရေစစ်ထားပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးပါးပါးလှီးထားတဲ့ကြက်သွန်နီ၊ဖြူ ကိုဆီသတ်ပါ။

မွှေးပြီးနွမ်းလာလျှင်ခပ်စောင်းစောင်းပါးပါးလှီးထားတဲ့ငရုတ်သီးစိမ်းတွေထည့်ကြော်ပါ။

ရေစစ်ထားတဲ့မျှစ်တွေထည့်ပါ။

ဆား၊ဟင်းခတ်မှုန့်နှင့်အရသာဖြည့်စွက်ပါ။

မီးရှိန်အနေတော်ခန့်မှာမျှစ်တွေကိုစိမ်းနံ့ပျောက်အောင်လှိမ့်ကြော်ပေးပါ။

ပင်စိမ်းရွက်တွေဖြန့်ထည့်ပြီးမွှေးလာအောင်
ကြော်ပေးပါ။

Credit : Facebook Shares

Ingredients

Directions