မျှစ်ချက်
မျှစ်နုနုလေးတွေကို မချက်ခင် တစ်ရေလောက် အရင်ပြုတ်ပါ။
ပြီးမှ အရှည်လိုက်လေးတွေ လှီးပြီး ကြက်သွန်နီ၊ ဖြူထောင်း၊ ပုဇွန် ခြောက်ထောင်းထည့်၊ ငရုတ်သီးစိမ်း သုံးတောင့် ထောင်းထည့်၊
ငါးပိစိမ်းစားကို ရေဖျော်ပြီး ထည့်၊ ဆနွင်း၊ အရောင်တင်မှုန့်၊ဆီ ၊ ဆား၊ အချိုမှုန့် အားလုံးထည့်ပြီး နယ်ပါ။
ပြီးရင် တည်လို့ရပါပြီ။ မီးဖိုပေါ်မှာ သူ့ရေနဲ့သူ အရင် လုံးချက်ပါ။
ဆီပြန်မှ ရေထည့် ၊ မကျည်းရည် ထည့်ပြီး ကြာကြာ တည်ထားပါ။
မျှစ်တွေလည်း နူးပြီဆိုရင် နံနံပင်လေး အုပ်လိုက်ပါ။
ငါးပိနံ့လေးနဲ့ မွှေးနေတဲ့ ချဉ်ငန်စပ် မျှစ်ချက်လေးရပြီပေါ့။
ရှမ်းနံနံလေးပါ အုပ်လိုက်ရင် ပိုစားကောင်းပါတယ်
Credit : Facebook Shares
Ingredients
Directions