မော်လမြိုင်ကျောက်ပွင့် နှင့် ပုဇွန် နှမ်းဆီသုပ်

1

"မော်လမြိုင်ကျောက်ပွင့် နှင့် ပုဇွန် နှမ်းဆီသုပ်"

ကျောက်ပွင့်ရဲ့ အတော်လေးပြင်းတဲ့ အနံ့လေးဟာ ရှောက်ရွက်၊ နှမ်းဆီတို့နဲ့ တွေ့တဲ့အချိန်မှာ အရမ်းစားချင်စဖွယ်အနံ့လေးပြောင်းသွားသည့်အတွက် ရှောက်ရွက် နှင့် နှမ်းဆီကို မဖြစ်မနေ ထည့်ပေးစေချင်ပါတယ်။

မော်လမြိုင်ကျောက်ပွင့် နှင့် ပုဇွန် နှမ်းဆီသုပ် အတွက် လိုအပ်တာလေးတွေ….

မော်လမြိုင်ကျောက်ပွင့်ခြောက် – ထမင်းစားဇွန်း ၄ ဇွန်းခန့်
လက်ညှိုးအရွယ် ပုဇွန် – ၁၃ ကောင်
အစေ့ထုတ်ကာ ပါးပါးလှီးထားသော ခရမ်းချဉ်သီးအလုံးကြီး – တစ်ခြမ်း
ပါးပါးလှီးကာ ရေဆေးထားသော ကြက်သွန်နီ – 1/2 cup (125 ml)
ပုံပါအတိုင်း လှီးထားသော မုန်လာဥနီ – 1/2 cup (125 ml)
ပါးပါးလှီးထားသော ရှောက်ရွက် – ထမင်းစားဇွန်း ၂ ဇွန်းခန့်
ပါးပါးလှီးထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
chicken powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငါးငံပြာရည် – ထမင်းစားဇွန်း ၂ ဇွန်း
သံပုရာရည် – ထမင်းစားဇွန်း ၃ ဇွန်း
နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အမှိုက် နှင့် သဲများမပါစေရန် ကျောက်ပွင့်များကို ၃ – ၄ ခါ ရေဆေးပြီး ၂ နာရီခန့် ရေစိမ်ထားပါ။ (ရေစိမ်ပြီးနောက် နောက်ထပ် ၃ ခါခန့် ရေပြန်ဆေးကာ၊ ရေကို ပြောင်စစ်အောင် ညစ်ထားပါ။)

DSC05422 DSC05423

ပုဇွန်များကျက်သွားအောင် ပန်းကန်တစ်ချပ်ထဲဖြန့်ကာ အဖုံး ဖုံးပြီး microwave ထဲ ၃ မိနစ်ခန့် ထည့်ပါ။ (တစ်မိနစ်ခွဲခန့်ကြာလျှင် နောက်တစ်ဖက်လှန်ပေးပါ။)
microwave မသုံးလျှင် ဒယ်အိုးထဲ ထည့်ကာ အိုးပူတိုက်ပြီး ကျက်အောင်လုပ်ပေးပါ။ (အရသာပေါ့သွားတတ်၍ ရေထဲထည့်မပြုတ်ပါနှင့်။)
ပုဇွန်များကျက်လျှင် နှစ်ခြမ်းကွဲအောင် လှီးထားပါ။

DSC05424DSC05425

ပါဝင်ပစ္စည်းများအားလုံးကို ဇလုံတစ်လုံးထဲထည့်ကာ ဖွဖွလေးရောနယ်သုပ်ပေးပါ။

ချဉ်ချဉ်စပ်စပ်ကျိုးကျိုးကြွပ်ကြွပ်နှင့်စားကောင်းလှသော မော်လမြိုင်ကျောက်ပွင့် နှင့် ပုဇွန် နှမ်းဆီသုပ်ကို အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

Credit : Facebook Shares

Ingredients

Directions