မုန့်လက်ကောက်ကြော်

1

မုန့်လက်ကောက်ကြော်

မန္တလေးကိုလဲ လွမ်း သြက်န်ကိုလဲလွမ်းလို့မနေ့ကမုန့်လုံးရေပေါ်လုပ်စားတယ်။ ဒီနေ့တော့ မုန့်လာက်ကောက်ကြော်စားတယ်။ မုန့်လုံးရေပေါ်ကတော့ သိပြီးသားဆိုတော့ မရေးတော့ဘူး။
မုန့်လက်ကောက်ကို တချို့က ပဲမှုန့်ထည့်ကြော်ကြတယ်။ တချို့ကတော့ ငှက်ပျောသီးထည့်ကြော်တယ်။ အိစံကတော့ မုန့်လက်ကောက်ဆို ဖြူဖြူ ကြွပ်ကြွပ်လေးတွေမှကြိုက်လို့ပဲမှုန့်တို့ ငှက်ပျောသီးတို့မထည့်ပါဘူး။ မုန့်လက်ကောက်က ကြော်ရတာလွယ်ပေမယ့် ဆီပေါက်တတ်ပါတယ်။ ဆီမပေါက်ပဲ အိမ်မှာလွယ်လွယ်ကြော်စားလို့ရမည့်နည်းပါ။

ပါဝင်သောပစ္စည်းများ
၁။ ကောက်ညှင်းမှုန့်- ၄ ခွက်
၂။ ဆန် မှုန့်- ၁ ခွက်
(အိမ်မှာ ပွဲလုပ်တိုင်း လာလာကူပေးတဲ့အန်တီကြီးက ငယ်ငယ်လေးကတည်းက သင်ပေးထားတဲ့နည်းပါ ။ကောက်ညှင်းလေးပုံ ဆန်မှုန့်၁ပုံဆိုပြီးသင်ပေးထားပါတယ်။ ကောက်ညှင်းနှင့် ပတ်သတ်တဲ့မုန့်တော်တော်များများ အဲဒီနည်းနဲ့လုပ်ပါတယ်။)
၃။ ဆား - လက်ဖက်ရည်ဇွန်း တ ဝက်
၄။ ဆိုဒါ (အပွမှုန့်) - လက်ဖက်ရည် ဇွန်း လေးပုံတပုံ
၅။ ထန်းညက် - ၁၅ ကျပ်သား (သို့) ၂ ခွက်
၆။ ရေ - ၂ခွက် နှင့် ခွက် လေးပုံတပုံ
၇။ ကြော်ရန်ဆီ

ပြုလုပ်နည်း
၁။ ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ဆား ၊ ဆိုဒါတို့ကိုရောပါ။ ပြီးလျှင် ရေ ၂ ခွက်ကို အရင်ထည့်ပြီး နယ်ပါ။ အလုံးလုံးလို့၇တဲ့အနေအထားဆိုရင် ကျန်ရေ လေးပုံတပုံကို မထည့်ပါနှင့် ။ မရသေးရင် ရေလေးပုံတပုံကို ဖြေးဖြေးချင်းထည့်နယ်ပါ။ ထို့နောက် ရေခဲ သေတ္တာထဲတွင် တည နှပ်ထားပါ။(ရေခဲသေတ္တာထဲမနှပ်ထားရင်ဆီပေါက်တတ်ပါသည်။)
၂။ ထန်းလျက် ကို ဆားအနည်းငယ်ထည့်၊ ရေထည့်ပြီး ထန်းလျက် အရည်ပျော်အောင်တည်ပါ။ အရည်ပျော်လျှင် ရေစစ်နှင့် အမှိုက်များ စင်သွားအောင် စစ်ပါ။ စစ်ထားသော ထန်းလျက်ရည်များကို ကြွက်မြှီးတန်းအောင်အထိတည်ပြီး မီးဖိုပေါ်မှချပါ။
၃။ ကြော်ရန်ဆီကို အပူပေးပါ။(ဒယ်အိုးကို ဇောက်နက်သောဒယ်အိုးကိုသုံးပါ။) နှပ်ထားသော မုန့်နှစ်များကို မုန့်လက်ကောက်လုပ်ရန် အလုံး လုံးပြီး ရှည်ရှည်လေးတွေရအောင်လက်နှင့်လှိမ့်ပြီး ထိပ်၂ ခုကိုဆက်ပြီး ဆီထဲထည့်ကြော်ပါ။ မုန့်လက်ကောက်များကို ဆီထဲ မြု ပ်အောင်ထည့်ပါ။ (ဆီအပေါ်ပေါ်နေရင်လဲ ဆီပေါက်တတ်ပါသည်။)
၄။ မုန့်လက်ကောက်များ ကြွပ်လာလျှင် ဆီအိုးထဲမှဆယ်ရျ် ဆီစစ်ထားပါ။ ထန်းလျက်ရည် ဖြင့်သုံးဆောင်နိုင်ပါပြီ။

( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက်) ( လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
#credit

Credit : Facebook Shares

Ingredients

Directions