မုန့်ဆီကြော်

1

မုန့်ဆီကြော် ကြွပ်ကြွပ်လေး

အိစံ ငယ်ငယ်ကတည်းက အရမ်းကြိုက်တဲ့ မုန့်ဆီကြော်ကြွပ်ကြွပ်လေးပါ။ မုန့်ဆီကြော်ကို တချို့က ပျော့ပျော့လေး ကြိုက်ကြတယ်။ အိစံကတော့ ကြွပ်ကြွပ်လေးကို ပိုကြိုက်လို့မီးအေးအေးနဲ့ကြွပ်အောင် ကြော်ထားပါတယ်။ အိမ်မှာ ငယ်ငယ်ကတည်းက လာကြော်ပေးနေတဲ့အန်တီကြီးတယောက် သင်ပေးထားတဲ့နည်းပါ။

ပါဝင်သောပစ္စည်းများ
၁။ ကောက်ညှင်းမှုန့်- ၁ ခွက် (သို့) ထမင်းစားဇွန်း ၁၆ ဇွန်း
၂။ ဆန်မှုန့်- ခွက်လေးပုံတပုံ (သို့) ထမင်းစားဇွန်း ၄ ဇွန်း
၃။ ဆောဒါ (baking soda) - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၄။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၅။ ညောင်စေးကျအောင်ကြိုထားသော ထန်းညက်ရည် - ထမင်းစားဇွန်း ၄ ဇွန်း
၆။ ရေ - ခွက်လေးပုံ သုံးပုံ (သို့) ထမင်းစားဇွန်း ၁၂ ဇွန်း
၇။ နှမ်း - ထမင်းစားဇွန်း တ ဝက်
၈။ ထောင်းထားသော မြေပဲ - ထမင်းစားဇွန်း ၁ ဇွန်း
၉။ ပါးပါးလှီးထားသော အုံးသီးဖတ်
၁၀။ ကြော်ရန် ဆီ

ပြုလုပ်နည်း
၁။ ကောက်ညှင်းမှုန့်၊ဆန်မှုန့်၊ ဆောဒါ၊ဆား၊ ရေတို့ကိုရောရျ် သမအောင် မွှေပါ။ ထို့နောက် ထန်းညက်ရည်ကို ထည့်ရျ် သမအောင်မွှေပါ။ မှုန့်အနှစ်ကို တည နှပ်ထားပါ။ (တချို့လဲ မနှပ်ပဲကြော်ကြပါတယ်။)
၂။ ကြော်ခါနီးတွင် မှုန့်နှစ်ထဲကို နှမ်းနဲ့မြေပဲထောင်းထည့်ရျ် သမအောင်မွှေပါ။
၃။ မုန့်ဆီကြော်ရန် အတွက် ဒယ်အိုးကို အပူပေးရျ် ဆီပူလာလျှင် ယောင်းမဖြင့် မုန့်နှစ်ကို မွှေရျ် ခပ်ပါ။ ပြီးနောက်ဒယ်အိုးထဲကိုမိမိလိုချင်သည့်အရွယ်အစား ကိုလောင်းထည့်ပါ။ အပေါ်ကနေ အုံးသီးဖတ် ဖြူးပါ။ မီးအေးအေးဖြင့်ကြော်ပါ။
၄။ အကြွပ်ကြိုက်လျှင် ကြာကြာကြော်ပါ။ အပျော့ကြိုက်ရင် ခနလောက်ကြော်ပြီးလျှင် ဆီစစ်ထားပါ။
၅။ မုန့်ဆီကြော် ကြွပ်ကြွပ်လေးကို သုံးဆောင်နိုင်ပါပြီ။

(၁ ခွက် = 240ml = ရိုးရိုးကော်ဖီခွက် ၁ ခွက်) (ထမင်းစားဇွန်း = 1 tablespoon = 15ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

Credit : Facebook Shares

Ingredients

Directions