မုန်လာဥဖြူ နှင့်ငါးအချဉ်ရည်

1

မုန်လာဥဖြူ နှင့်ငါးအချဉ်ရည်
°°°°°°°°°°°°°°°°°°°°°°°°°

မုန်လာဥဖြူ ............၂စည်း
ငါး.........................၁၅ကျပ်သား
ကြက်သွန်နီ..............၁လုံး
ကြက်သွန်ဖြူ...............၅တက်
ချင်းသေးသေး.............၁တက်
ခရမ်းချဉ်သီးမှည့်..........၂လုံး
နံနံပင်+ရှမ်းနံနံ............အနည်းငယ်

ငါးကိုရေဆေးသန့်စင်ပြီးနှစ်ပိုင်းဖြတ်ကာရေဆေးသန့်စင်ထားပါ။

ချင်းနှင့်ကြက်သွန်ဖြူ ကိုရောထောင်းပြီးငါးထဲထည့်ကာနနွင်းမှုန့်၊အရောင်တင်မှုန့်အနည်းငယ်ထည့်ကာ၊ငါးငံပြာရည်၊ငါးပိအနည်းငယ်၊
ဟင်းခတ်မှုန့်တို့ဖြင့်အရသာနယ်နှပ်ထားပါ။

မုန်လာဥကိုရေဆေးပြီးတြိဂံပုံကဲ့သို့အတုံးငယ်လေးများတုံးပါ။

ချက်မယ့်အိုးအောက်ခြေမှာအရသာနယ်ထားသောငါးကိုထည့်ပါ။

ပါးပါးလှီးထားသောကြက်သွန်နီ၊ခရမ်းချဉ်သီးတွေထည့်ပြီးမှမုန်လာဥတွေထည့်ပါ။

ဆီအနည်းငယ်လေးလောင်းထည့်ပေးပါ။

မီးရှိန်အေးအေးမှာအဖုံးအုပ်ပြီးတည်ထားပါ။

ရေခမ်းသံကြားမှာသစ်သားယောင်းမလေးနှင့်
ငါးများမကြေအောင်မွှေပေးပါ။

ရေအနည်းငယ်ဖြည့်စွက်ပါ။ငါးငံပြာရည်၊သကြား၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာသွင်းပါ။

တစ်ပွက်ဆူလာပြီဆိုရင်ရေနွေးစိမ်ထားတဲ့မန်ကျည်းမှည့်ရည်လေးကိုစစ်ထည့်ပါ။ရှမ်းနံနံတွေထည့်ပြီးအဖုံးပိတ်ကာဆက်တည်ထားပါ။

အချဉ်ဟင်းရည်တွေချက်ရင်ကျနေအောင်ချက်ပါမှစားကောင်းပါတယ်။ဒါကြောင့်မီးရှိန်အေးအေးမှာတစ်ပွက်ဆူအနေအထားနဲ့(၃၀)မိနစ်လောက်ထိချက်ပေးဖို့လိုပါမယ်။

စားခါနီးမှနံနံပင်လေးထပ်ပြီးအုပ်ပေးရပါတယ်
Crd

Credit : Facebook Shares

Ingredients

Directions