မုန်လာဥဖြူ ကြက်ကြော်သုပ်

1

မုန်လာဥဖြူ ကြက်ကြော်သုပ် အတွက် လိုအပ်တာလေးတွေ…

1. ကြက်သားကြော်
2. အရည်ညစ်ထားသည့် မုန်လာဥဖြူ
3. အချည်ရည်
4. လှော်ထားသော နှမ်းဖြူ – ထမင်းစားဇွန်း ၁ ဇွန်းခန့်

***... ကြက်သားကြော် အတွက် လိုအပ်တာလေးတွေ…

1. ကြက်ရင်ပုံ အကြီးတစ်ခြမ်း – 300 g (၂၀ ကျပ်သားခန့်)
2. Chicken powder – လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံခန့်
3. သံပုရာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်

#. ကြက်ရင်ပုံကို ဓါးဖြင့် ၂ ချက်ခန့် မွှန်းပြီး Chicken powder ၊ သံပုရာရည် ဖြင့် နယ်၍ ဆီပူထဲထည့်ကာ ကျက်အောင် ကြော်၍ ဆီစစ်ဆယ်ထုတ် အအေးခံထားပါ။

#. ပြီးနောက် အသားမျှင်များဖြစ်အောင် ဆိတ်ဆွထားပါ။

***... အရည်ညစ်ထားသည့် မုန်လာဥဖြူ အတွက်လိုအပ်တာလေးတွေ…

1. လတ်လတ်ဆတ်ဆတ် မုန်လာဥဖြူ – 400 g (၂၆ ကျပ်သား) (လှီးပြီးနောက် 2 1/2 cups ခန့်)
2. ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

#. အခွံခွါထားသော မုန်လာဥဖြူ ကို အောက်ပုံပါအတိုင်း ပါးပါးရှည်ရှည် အချောင်းလေးများလှီးပြီးလျှင် ဆားဖြင့် ဖွဖွနယ်ကာ ၁၅ မိနစ်ခန့် ထားပါ။

#. ပြီးနောက် ဆားရည်များ တတ်နိူင်သမျှ ကုန်သွားစေရန် သေသေချာချာ ညစ်ထုတ်ပေးထားပါ။

***... အချဉ်ရည် အတွက် လိုအပ်တာလေးတွေ…

1. အခွံခွါပြီး လှီးထားသော ဂျင်း – ထမင်းစားဇွန်း ၁ ဇွန်းခန့်
2. လှီးထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၁ ဇွန်းခန့်
3. လှီးထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန်း ၁ ဇွန်းခန့်
4. ပဲငံပြာရည် အကျဲ – ထမင်းစားဇွန်း ၃ ဇွန်း
5. ရေ – ထမင်းစားဇွန်း ၃ ဇွန်း
6. သံပုရာရည် – ထမင်းစားဇွန်း ၃ ဇွန်း
7. သကြား – ထမင်းစားဇွန်း ၂ ဇွန်း
8. ဆား – အနည်းငယ် (လိုအပ်မှထည့်ရန်)
9. ပါးပါးလှီးထားသော ကြက်သွန်ပင် – ထမင်းစားဇွန်း ၃ ဇွန်းခန့်
10. ပါးပါးလှီးထားသော နံနံပင် – ထမင်းစားဇွန်း ၃ ဇွန်းခန့်

#. ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း တို့ကို ညက်အောင်ကြိတ် (ထောင်း)ပြီး ပဲငံပြာရည် အကျဲ၊ ရေ၊ သံပုရာရည်၊ သကြား၊ ဆားတို့ဖြင့် ရောဖျော်ပါ။

#. သကြား နှင့် ဆား ပျော်သွားပြီးနောက် ကြက်သွန်ပင်၊ နံနံပင်ထည့်ကာ မွှေရောလိုက်လျှင် အသုပ်အတွက် လိုအပ်သော အချဉ်ရည်ရပါပြီ။

#. အသားနွှင်ထားသော ကြက်သားကြော်၊ အရည်ညစ်ပြီးသည့် မုန်လာဥဖြူ ၊ အချည်ရည် နှင့် နှမ်းလှော် တို့ကို ဇလုံထဲထည့်ကာ ဖွဖွနယ်သုပ်လိုက်လျှင် ချဉ်စပ်ကြွပ်မွှေးကာ အရသာရှိလှသော မုန်လာဥဖြူ ကြက်ကြော်သုပ်လေး သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

Credit : Facebook Shares

Ingredients

Directions