မုန်လာဥခြောက်ကြက်ဥကြော်

1

မုန်လာဥခြောက်ကြက်ဥကြော်

ငယ်ငယ်ထဲက မေမေလုပ်ပေးနေကျ မုန်လာဥကို အခြောက်လှမ်းပြီး ကြက်ဥနဲ့ကြော်ပေးတာ။ မုန်လာဥ အနံကြိုက်သူများအတွက်တော့ အရမ်းကိုစားလို့ကောင်းပါတယ်။ မုန်လာဥကို နေလှမ်းထားတော့ အကြာကြီးသိမ်းထားလို့လဲရတယ် စားရင်လဲ ကျွတ်ကျွတ်လေးစားလို့ကောင်းတယ်။ တချို့မုန်ညှင်းချဉ်တွေထဲမှာ လဲ မုန်လာဥခြောက်ပါပါတယ်။ မုန်ညှင်းချဉ်ပြုလုပ်ရာမှာလဲထည့်သုံးလို့ရပါတယ်။

မုန်လာဥခြောက်ပြုလုပ်နည်း
၁။ မုန်လာဥ ၅၀ သား(၂ပေါင်) ကို ပုံမှာပြထားသည့်အရွယ်အစားကို ဖျက်ပြီး ဆား ထမင်းစားဇွန်း ၂ ဇွန်းနှင့် နယ်ပေးပါ။ ပြီးလျှင် အနည်းငယ်ဖိရျ် လှိမ့်ပေးပါ။
၂။ ထို့နောက် ဇကာထဲ ထည့်ရျ် ရေစစ်ပါ။ အရည်များထွက်သွားအောင် ဇကာထဲကို မုန်လာဥထည့် ပြီးရင် ပန်းကန်ပြားကို မုန်လာဥပေါ်တင်၊ လေးသောပစ္စည်းတခု ( ငရုတ်ဆုံ)ကိုပန်းကန်ပြားပေါ်တင်ပြီး တည အရည်များထွက်သွားအောင်စစ်ပါ။
၃။ နောက်နေ့မနက်တွင် မုန်လာဥများကို နေလှမ်းပါ။ ၃ ရက်လှမ်းပြီးရင်စားလို့ရပါပြီ။ အကြာကြီး သိမ်းထားမည်ဆိုပါက ၄ ရက်နေလှမ်းပါ။
၄။ စားခါနီး တွင် မုန်လာဥခြောက်ကို ၃၀ မိနစ်ရေနွေးထဲ စိမ်ပါ။ ပြီးနောက် မုန်လာဥကို ရေညှစ်ပြီး အတုံးလေးတွေတုံးပါ။
၅။ မုန်လာဥ ကြက်ဥကြော်
ကြော်မည့်အိုးထဲတွင် ဆီ ထမင်းစားဇွန်း ၁ ဇွန်းကိုထည့်၊ ဆီကျက်လျှင် မုန်လာဥကိုထည့်ပြီးအရင်ကြော်ပါ။ ပြီးလျှင် ကြက်ဥထည့်ကြော်ပါ။ ငရုတ်ကောင်းကြိုက်လျှင် ငရုတ်ကောင်းကိုမီးဖိုပေါ်မှချခါနီးဖြူးပါ။ (မုန်လာဥများသည်အငံပါပြီးသောကြောင့် ဆားထည့်စရာမလိုပါ။)

Crd.အိစံ

Credit : Facebook Shares

Ingredients

Directions