မုန်လာဥချဉ်စပ်သုပ်

1

မုန်လာဥချဉ်စပ်သုပ်
.......................
ဒီမုန်လာဥနီသုပ်ဟင်းလျာလေးကတော့ တခြားဟင်းလျာတွေနဲ့ တွဲဖက်စား လို့ကောင်းတဲ့ဟင်းလျာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့
- မုန်လာဥနီ - ၁ လုံး (၇၀ ဂရမ်)
- မုန်လာဥဖြူ - ၁ လုံး (၇၀ ဂရမ်)
- ငရုတ်သီးစိမ်း ၊ နီ - ၈ တောင့်၊ ၁ တောင့်
- နံနံပင် - ၅ ပင်ခန့်
- ပုစွန်ခြောက်မှုန့် - စားပွဲဇွန်း ၂ ဇွန်း
- သံပရာသီး - ၂ လုံး
- ငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
- ကြက်သွန်ဖြူ - ၅ တက်

ပြုလုပ်ပုံအဆင့်ဆင့်
၁။ မုန်လာဥဖြူနှင့်၊ မုန်လာဥနီကို အခွံခွာပြီး လက်တစ်ချောင်းခန့် အချောင်းငယ်များ လှီးဖြတ် ပေးပါ။ ပြီးလျှင် သံပရာရည်၊ ငံပြာရည်၊ ဆား၊ ရေအနည်းငယ်ဖြင့် ၁၀ မိနစ် ခန့် စိမ်ထားပေးပါ။
၂။ ငရုတ်သီးနီ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ဇလုံတစ်ခုထဲတွင်ထည့်ပါ။ နံနံပင် ကိုလည်း နုပ်နုပ်စဉ်းပြီး ထည့်ပေးပါ။
၃။ အရသာများထည့်ပါ။ သံပရာသီးကို အရည်ညှစ်ပြီး အခွံကို ပါးပါးလှီးပြီး ထည့်ပေးပါ။
၄။ ဇလုံထဲတွင် ပါဝင်ပစ္စည်းများ စုံလင်သွားပြီဆိုရင်တော့ မုန်လာဥများနှင့် ရောနယ်ကာ ပုစွန် ခြောက်မှုန့်ဖြူးပြီး သုံးဆောင်လို့ရပါပြီ။

* ဒီဟင်းလျာမှာ တစ်ခုသတိထားရမှာကတော့ မုန်လာဥကို စိတ်ပြီးရင် ရေပြန်ဆေးပါ။
............................
Crd.အံ့ဝင့်ထွဋ် See less

Credit : Facebook Shares

Ingredients

Directions