မုန့်ပစ်စလက် | မုန့်ပျားသလက် | မုန့်ပစ်သလက်

မုန့်ပစ်စလက်ကို မနက်စာပဲစားစား ညနေအစာပြေပဲစားစား အရမ်းကိုစားလို့ကောင်းပါတယ်။ နှမ်းထောင်းမွှေးမွှေးလေးနဲ့ အလွန်အရသာရှိတာပါ။

1

၁။ဆန်မှုန့် - ၃ခွက်

၂။ရေ - ၄ခွက်

၃။တဆေး(Yeast) - လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ

၄။ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၅။ပဲပြုတ် - လက်တဆုပ်စာ

၆။ကြက်သွန်မြိတ်(ပါးပါးလှီး) - ၂ ပင် (သို့) ၃ ပင်

၇။ပဲဆီသန့်

နှမ်းထောင်းအတွက် - နှမ်းလက်ဖက်ရည်ဇွန်း ၃ ဇွန်း နှင့် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ထောင်းထားပါ။

=====
ပြုလုပ်နည်း
=====

၁။ဆန်မှုန့် ၊ ရေ ၊ ဆား နှင့် တဆေးတို့ကို အရည်ဖျော်ပြီး တညသိပ်ထားပါ။ အနည်းဆုံး ၈ နာရီခန့် ထားပါ။ (နောက်နေ့မနက် စားရန်အတွက်)

၂။ မကပ်သော ကြက်ဥကြော်သော အရွယ် ဒယ်အိုးကို သုံးရင် ပို အဆင်ပြေပါတယ်။ ဒယ်အိုး အကြီးကို သုံးမည်ဆိုရင် မုန့်အနှစ်ထဲမှာ ရေလျော့ထည့်ပါ။ (မုန့်သားမထူမှာ စိုးလို့ပါ။)

၃။ဒယ်အိုးထဲကို ပဲဆီသန့် အနည်းငယ် ( ဆီစွတ်ရုံ ) ထည့်ပြီး Medium Heat ဖြင့် အပူပေးပါ။ အိုး ပူလာလျှင် တညသိပ်ထားသော မုန့်နှစ်ကို ယောက်ချိုဇွန်း ၁ဇွန်းခွဲ ခန့်ထည့်ပါ။ ပြီးမှ အပေါ်မှ ပဲပြုတ်နှင့် ကြက်သွန်မြိတ် ကိုဖြူးထည့်ပါ။ (မီးအေးအေး Medium heat နှင့် ပဲလုပ်ပါ။)

၄။မုန့်သားမှာ အပေါက်ကလေးများဖြစ်လာလျှင် အပေါ်မှ အဖုံးအုပ်ပြီး ၁ မိနစ်ခန့်ထားပါ။

၅။ထို့နောက် မီးဖိုပေါ်မှ ချ၍ နှမ်းထောင်းကလေးဖြူးပြီး သုံးဆောင်နိုင်ပါပြီ။
(၁ခွက် = 240 ml = ရိုးရိုးကော်ဖီ ၁ ခွက်) (ထမင်းစားဇွန်း = 1 tablespoon = 15ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon = 5ml)

Credit – Ei San homemade inspiration

Credit : Facebook Shares

Ingredients

Directions