မုန့်စိမ်းပေါင်း ပေါင်းနည်း

1

ဆန် ကြမ်း - နို့ ဆီ ဗူး (၂) လုံး

ထန်း လျက် - (၂၀) ကျပ် သား

ပဲ လွန်း - နို့ ဆီ ဗူး တစ် ဝက်

အုန်း သီး - တစ် လုံး

၁။ ဆန်ကို သန့်စင်အောင် ပိတ်စနဲ့ ပွတ်တိုက်ပြီး ဆန်မှုန့် ရအောင် ကြိတ်ပါ။

၂။ အုန်းသီးကို ခြစ်ပြီး အုန်းနို့ ညှစ်ထားပေးပါ။

၃။ အိုးတစ်လုံးကို ထန်းလျက်ထည့်၊ ရေလေးထည့်ပြီး၊ ကျိုပေးပါ။ ထန်းလျက်ပျော်သွားတဲ့ အခါ အမှိုက် မပါအောင် ဇကာနဲ့ ထန်းလျက်ရည်ကို စစ်ပေးပါ။

၄။ ပြီးလျင် ထန်းလျက်ကို ညောင်းစေး မကျတကျ ဖြစ်အောင် ကျိုပေးပါ။ ပဲလွန်းကိုလည်း ရေစင်အောင်ဆေးပြီး ရေခမ်းပြုတ်ထားပေးပါ။

၅။ မုန့်စိမ်းပေါင်းကို သုံးထပ်လုပ်မှာမို့ ဆန်မှုန့် နည်းနည်းကို ဆားလေး နည်းနည်း ထည့်၊ ပြီးတော့ အုန်းနို့ပျစ်ပျစ်နဲ့ သမအောင် နယ်ပေးပါ။

၆။ နောက် ဆန်မှုန့် နည်းနည်း ကိုတော့ ပြုတ်ထားသောာ ပဲလွန်းနဲ့ နှံ့အောင် နယ်ပေးပါ။ (တချို့က ပဲကို အလုံးမပျက် စားချင်ကြတာမို့ ဒီအဆင့်မှာ ပဲလွန်းကို ထည့်မနယ်ကြဘူး။)

၇။ ကျန်တဲ့ ဆန်မှုန့်တွေကိုတော့ ကျိုထားတဲ့ ထန်းလျက်ရည်ပျစ်ပျစ်နဲ့ သေသေချာချာ နှံ့စပ်အောင် နယ်ပေးပါ။

၈။ နယ်ပြီးသား မုန့်တွေကို ပထမ အဆင့် အနေနဲ့ တစ်ခုချင်းကို ပိတ်စိမ်းပါး နဲ့ ထုပ်ပြီး ပေါင်းပါ။

ပေါင်းတဲ့ အခါ ကောက်ညှင်းပေါင်း ပေါင်းတဲ့ ပေါင်းချောင်နဲ့ပေါင်းလို့ ရသလို၊ ဇောက်နက်တဲ့ အိုးထဲမှာ ရေထည့်ပြီး အလယ်ကနေ ဇောက်နက်နက် ဇလုံ (သို့မဟုတ်) ချိုင့်ကို ထည့်၊ အဖုံးပိတ်ပြီး ရေနွေးကို ဆူအောင်လုပ်ပြီး၊ အချိန်ကြာကြာ ပေါင်းယူလို့ ရပါတယ်။

ဒါမှမဟုတ် ထမင်းပေါင်းအိုးမှာ စကာပါတဲ့ အဆင့်လေး ပါပါတယ်။ အဲ့ဒီ ထမင်းပေါင်းအိုးကို အောက်ကနေ ရေထည့်၊ အပေါ်က စကာပါတဲ့ အဆင့်လေးကို ပိတ်စိမ်းပါးခင်းပြီး၊ ပိတ်စိမ်းပါး အပေါ်မှ မုန့်နှစ်တွေကို ထည့်ပြီး ရေနွေး ဆူအောင် လုပ်ပြီး ပေါင်းလို့လည်း ရပါသည်။

၉။ ပေါင်းပြီးတဲ့ မုန့်တွေကိုမှ တစ်ခါ ပြန်နယ်ပြီး ဇကာနဲ့ တိုက်ချပေးပါ။ မုန့်လေးတွေ မွမွလေး ဖြစ်အောင် ဇကာနဲ့ တိုက်ချပါ။ ဇကာနဲ့ တိုက်ချပြီးသား မုန့်တွေကိုလည်း တစ်မျိုး တစ်ပုံစီ သီးသန့် ထားပေးပါ။

၁၀။ မုန့်ပေါင်းဖို့ ပြင်ရန် မုန့်စိမ်းပေါင်း ပေါင်းတဲ့ အိုးမှာ ကတ်ပြားလေး ခံလိုက်ပြီးတော့ ပိတ်စိမ်းပါးလေး ခင်းပေးပါ။

- အောက်ဆုံး အဆင့် ကနေ ထန်းလျက်နဲ့ နယ်ထားတဲ့ မုန့်သားကိုထည့်ပါ။

- ဒုတိယ အဆင့် ကိုတော့ ပဲနဲ့ နယ်ထားတဲ့ မုန့်ကို ထည့်ပြီး၊

- အပေါ်ဆုံး အဆင့်မှာတော့ အုန်းနို့ ပျစ်ပျစ်နဲ့ နယ်ထားတဲ့ မုန့်အဖြူကို ထည့်ပါ။

- အဲ့ဒီမုန့်နှစ်တွေကို ပေါင်းပေးရမယ်။

- ပြီးရင်တော့ အောက်ကနေ ရေနွေးငွေ့နဲ့ ပေါင်းပါ။

အဲ့ဒါဆိုရင်တော့ သုံးရောင်ချယ် ချိုဆိမ့်မွှေးလှတဲ့ မုန့်စိမ်းပေါင်း ပူပူနွေးနွေးလေး ရပါပြီ။

၁၁။ အပေါ်ကနေ ခြစ်ထားတဲ့ အုန်းသီးဖြူး၊ နှမ်းထောင်း ဖြူးပြီး မုန့်ပွဲလေး ပြင်လိုက်ပါ။

အနံ့ အရသာနဲ့ ပြည့်စုံတဲ့ ပူပူနွေးနွေး မုန့်စိမ်းပေါင်းလေးကို ရေနွေးကြမ်းနဲ့ တွဲဖက် သုံးဆောင် နိုင်ပါပြီ။

Credit : Facebook Shares

Ingredients

Directions