မာလကာ ချဉ်ပေါင်သီး ရှူးရှဲထောင်း

1

မာလကာ ချဉ်ပေါင်သီး ရှူးရှဲထောင်း

မာလကာ ချဉ်ပေါင်သီး ရှူးရှဲထောင်း အတွက်
လိုအပ်တာလေးတွေ …
မာလကာသီး – ၂ လုံး (အစေ့ထုတ်ကာ လှီးပြီးနောက် 2 cups ခန့်)
ချဉ်ပေါင်သီး – အလုံး ၂၀ (အစေ့ထုတ်ထားပါ)
ငပိ – ထမင်းစားဇွန်း ၁ ဇွန်း
ငရုတ်သီးစိမ်း – ထမင်းစားဇွန်း ၁ ဇွန်းခွဲခန့်
ပုစွန်ခြောက်မှုန့် – 1/2 cup(125 ml)
chicken powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သံပုရာရည် – ထမင်းစားဇွန်း ၅ ဇွန်း (သို့) မိမိနှစ်သက်သည့် အချဉ် အနေအထားရအောင်ထည့်ပါ။
အစေ့ထုတ်လှီးထားသော မာလကာသီးကို မညက်တညက်ထောင်းပါ။
ပြီးလျှင် ချဉ်ပေါင်သီးများ ထည့်ထောင်းပါ။ မညက်တညက်ဖြစ်လျှင် ဖယ်ထုတ်ထားပါ။
ထိုငရုတ်ဆုံထဲ ငပိ၊ ငရုတ်သီးစိမ်း နှင့် ပုစွန်ခြောက်မှုန့် ထည့်ပြီး ညက်သွားအောင် ထောင်းပါ။
ညက်လျှင် ဖယ်ထုတ်ထားသော မာလကာသီး နှင့် ချဉ်ပေါင်သီးများ ပြန်ထည့်ကာ နှံ့သွားအောင် ရောထောင်းပြီးနောက် ရှူးရှဲပြူးပြဲအရသာရှိစွာ သုံးဆောင်နိူင်ပါပြီ…
Crd.ChawSu See less

Credit : Facebook Shares

Ingredients

Directions