မလေးရှား ထမင်းကြော်

1

မလေးရှား ထမင်းကြော် (Nasi Goreng)
----------------------------------

Nasi Goreng ထမင်းကြော်က မလေးရှား (သို့) အင်ဒိုနီးရှား မှာ လူကြိုက်များတဲ့ ချက်နည်းလေးပါ။
----------------------------------
မှတ်ချက် ။ ။ပထမဆုံးအနေနဲ့ မလေးရှားဟင်းအနှစ် (Sambal Chili paste) ကိုအရင်ဆုံး ချက်ရပါမည်။

မလေးရှားဟင်းအနှစ်တွင် ပါ၀င်သော ပစ္စည်းများ

၁။ ငရုတ်သီးပွနီ အခြောက် – ၈ခု

၂။ ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၃။ ကြက်သွန်နီ- ၁ဥ (နှုတ်နှုတ်ဆင်း)

၄။ ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်ဆင်း)

၅။ ဂျင်း – စားပွဲတင်ဇွန်း ၃ပုံ၁ပုံ (နှုတ်နှုတ်ဆင်း)

၆။ ငံပြာရည် – စားပွဲတင်ဇွန်း တ၀က်

ရ။ ရှမ်းနံနံ – ၁ပင် (နှုတ်နှုတ်ဆင်း)

၈။ ကြက်သွန်မြိတ် – ၁ပင်(နှုတ်နှုတ်ဆင်း)

၉။ ပုဇွန်ခြောက်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း

၁၀။ ဆနွင်းမှုန့်- လက်ဖက်ရည်ဇွန်း တ၀က်
----------------------------------
မလေးရှားဟင်းအနှစ် ချက်နည်း

၁။ ငရုတ်သီးပွ အနီ အခြောက်ကို ရေနွေးထဲ ထည့်ပြုတ်ပေးပါ။ ပြီးလျှင် ငရုတ်ပွကို blender ရေနည်းနည်းထည့် ကြိတ်ပေးပါ။

၂။ ဒယ်အိုးထဲ ဆီထည့်လိုက်ပါ။ ပြီးရင် ကြက်သွန်နီ၊ ဖြူ၊ ဂျင်း ထည့် ဆီထိုးပါ။ ဆနွင်းမှုန့် ထည့်ပါ။

၃။ ထို့နောက် ကြိတ်ထားသော ငရုတ်သီးအနှစ်၊ ပုဇွန်ခြောက်မှုန့် (သို့) ငပိ၊ ငံပြာရည် ကို ဒယ်ထဲထည့်မွှေပေးပါ။

၄။ နှုတ်နှုတ်ဆင်း ထားသော ရှမ်းနံနံ၊ ကြက်သွန်မြိတ်၊ ဆား ထည့်မွှေပေးပါ။ ဟင်းအနှစ်များကို ရေခဲသေတ္တာ ထဲထည့်ကာသိမ်းထားပြီး ကြာရှည်စွာ အသုံးပြုနိုင်ပါသည်။
----------------------------------
မလေးရှားထမင်းကြော်တွင် ပါ၀င်သောပစ္စည်းများ

၁။ ပုဇွန် ဘောကျိတ် – ၅ကျပ်သား (အခွံခွာ၊ ခေါင်းဖြုတ်ထားပါ)

၂။ ကြက်အူချောင်း - ၃ချောင်း (အတုံးသေးများတုံပါ)

၂။ မုန်လာဥနီ – ၂ဥ (အတုံးသေးများ တုံးပေးပါ)

၃။ ဘိုစားပဲ – ၁၀ခု (ပါးပါးလှီးထားပေးပါ)

၄။ ကြက်သွန်မြိတ် – အနည်းငယ် (ပါးပါးလှီးပါ)

၅။ မလေးရှား ဟင်းအနှစ် – စားပွဲတင်ဇွန်း ၃ဇွန်း

၆။ ကြက်သွန်နီ – တစ်၀က် (နှုတ်နှုတ်ဆင်းပေးပါ)

ရ။ ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်ဆင်းပေးပါ)

၈။ ဆား၊ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
----------------------------------
မလေးရှာထမင်းကြော် ကြော်နည်း

၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီး ကြက်သွန်ဖြူ၊ နီများကို ဆီသပ်ပေးပါ။

၂။ ဆီသပ်ပြီးလျှင် ကြက်အူချောင်း၊ မုန်လာဥနီ၊ ဘိုစားပဲ များကို ထည့်၍ ရေ(လက်ဖက်ရည် ပန်းကန်လုံး၁လုံး) ထည့်ပြီး နူးအောင်တည်ထားပေးပါ။

၃။ ထို့နောက် ပုဇွန်များကို ထည့်ရောမွှေပေးပါ။

၄။ ပြီးမှ ချက်ပြီးသား ထမင်း ၄ယောက်စာ ထည့်ပြီ အားလုံးကို သမအောင်မွှေပါ။

၅။ ထို့နောက် မလေးရှားဟင်းအနှစ်၊ ဆား၊ ကြက်သားမှုန့် တို့ကို ထည့်ပေးပြီး သမအောင် ရောမွှေလိုက်ပါ။

၆။ အပေါ်မှ ကြက်သွန်မြိတ်လေးများကို ဖြူးပေးပါ။

ရ။ ပြီးလျှင် ကြက်ဥတစ်လုံးကို ခလောက်အပြား ကြော်လိုက်ပြီ ခွက်တစ်ခုထဲထည့်၍ မလေးရှားထမင်းကြော်နှင့် တွဲဖက်စားသုံးနိုင်ပါပြီ...
----------------------------------
Wutyee Food House
----------------------------------

Credit : Facebook Shares

Ingredients

Directions