မန်ကျည်းရွက်သုပ်နည်း

1

"မန်ကျည်းရွက်သုပ်နည်း_၁"

မန်ကျည်းရွက် ငါးရာကျပ်ဖိုးလောက်ဆို အသုပ်တစ်ပန်းစာ ရပါတယ်။

မန်ကျည်းရွက်နုလေးတွေကို ရေစင်အောင်ဆေးပြီး စစ်ထားပါ။
ထုံးစံအတိုင်း ကြက်သွန်ဖြူတစ်ဥကို ဆီချက်ပါ။

ပုဇွန်ခြောက် အနည်းငယ်နဲ့ မြေပဲလှော် လက်တစ်ဆုပ်ကို ထောင်းထားပါ။

ပဲမှုန့်အကျက် အနည်းငယ်လည်း လိုပါမယ်။

ကြက်သွန်နီတစ်ဥနဲ့ ခရမ်းချဉ်သီးတစ်လုံး၊ ငရုတ်သီးစိမ်းငါးတောင့်ကို ပါးပါးလှီးထားပါ။

ဒီနည်းကတော့ ရိုးရိုးရှင်းရှင်း မန်းကျည်းရွက်သုပ်နည်းပါပဲ။ ရေစစ်ပြီး မန်ကျည်းရွက်ထဲကို ဆား၊ ဟင်းချိုမှုန့်နဲ့ အပေါ်က အဆာပလာတွေထည့်ပြီး ဖွဖွလေးနယ်ပါ။ ပြီးရင် နှမ်းလှော်နဲ့ ကြက်သွန်ဖြူကြော် ဖြူးပါ။

=================
"မန်းကျည်းရွက်သုပ်နည်း_၂"
=================

မန်ကျည်းရွက်နု ငါးရာကျပ်ဖိုးလောက်ကို ရေစင်အောင်ဆေးပြီး စစ်ထားပါ။

ကြက်သွန်နီတစ်ဥနဲ့ ငရုတ်သီးစိမ်းငါးတောင့်ကို ပါးပါးလှီးထားပါ။

စားတော်ပဲပြုတ် ငါးကျပ်သားခန့် ဝယ်ထားပါ။

ဒီနည်းကတော့ စားတော်ပဲပြုတ်နဲ့ မန်းကျည်းရွက်သုပ်နည်းပါပဲ။

ရေစစ်ပြီး မန်ကျည်းရွက်ထဲကို ဆား၊ ဟင်းချိုမှုန့်၊ စားတော်ပဲပြုတ်နဲ့ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း စတဲ့အဆာပလာတွေထည့် ပဲဆီမွှေးမွှေးလေးဆမ်းပြီး ဖွဖွလေးနယ်ပါ။

ဒီသုပ်နည်းက ကြက်သွန်နီ\ဖြူကြော်တွေနဲ့ မလိုက်ဖက်လို့ ဖြူးစရာမလိုပါဘူး။

================
"မန်းကျည်းရွက်သုပ်နည်း_၃"
================

အခုရေးသားမယ့်နည်းကတော့ အညာဒေသ အထူးသဖြင့် မန္တလေးမှာသုပ်တဲ့နည်းပါ။

ကုလားပဲ သို့မဟုတ် စွန်တာနီပဲကို အနှစ်ကျအောင် ပြစ်ပြစ်လေး ပြုတ်ပါ။

ကြက်သွန်ဖြူတစ်ဥကို ဆီချက်ချက်ပါ။

ကြက်သွန်နီဥကြီးတစ်ဥကို ပါးပါးလှီး အကြွပ်ကြော်ထားပါ။

ရေစစ်ထားတဲ့ မန်ကျည်းရွက်ထဲကို ပဲဟင်းအနှစ်လေးဆမ်း၊ ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်း လှီးထားတာတွေထည့်၊ တစ်ချို့ကတော့ ကြက်သွန်ဖြူအစိမ်း ထောင်းထည့်တာလည်း ရှိပါတယ်။

ဆား၊ ဟင်းချိုမှုန့်နဲ့ ကြက်သွန်ဖြူဆီချက်လောင်းပြီး ဖွဖွလေး နယ်ပါ။ ပြီးရင် ကြက်သွန်နီကြော် ကြွပ်ကြွပ်လေးတွေ ဖြူးပါ။

မိမိတို့ကြိုက်နှစ်သက်ရာသုပ်နည်းနဲ့ သုပ်စားကြည့်ပါ။ ထမင်းမြိန်ကြပါစေနော်။

Credit to Kay Zar Lin

Credit : Facebook Shares

Ingredients

Directions