မန္တလေးထမင်းပေါင်း

1

ထမင်းပေါင်းကိုများသောအားဖြင့်တော့ရန်ကုန်ပေါင်းမန္တလေးပေါင်းဆိုပြီးဆိုင်တွေမှာခွဲရောင်းလေ့ရှိပါတယ်ခုလုပ်ထားတာမန္တလေးထမင်းပေါင်းပါလွယ်ကူလျှင်မြန်စွာလုပ်စားနိုင်တဲ့ထမင်းသုတ်ပုံစံတမျိုးဘဲဖြစ်ပါတယ်။လုပ်စားကြည့်ရအောင်နော် ။

ပါဝင်ပစ္စည်း
********
ထမင်းဖြူ - တစ်ပွဲ

ကြက်သွန်ဖြူဆီချက် - တစ်ဇွန်း စားပွဲတင်ဇွန်း

နှမ်းဆီချက် - တစ်ဇွန်း

ဆားရည် - တစ်ဇွန်း

ဟင်းခပ်မှုန့်သကြား - ဇွန်းတဝက်

ပဲငံပြာရည် - တစ်ဇွန်း

ကြက်သား - ၃ဇွန်း

ကြက်သွန်မိတ် နံနံမိတ်

မြေပဲဆံကြော် - ၂ဇွန်း

ငရုပ်သီးဆီချက် - အနည်းငယ်

ကြာဇံသို့ခေါက်ဆွဲကြွပ်ကြော် - အနည်းငယ်

ရှမ်းချဉ် /ဂေါ်ဖီချဉ်

ပြင်ဆင်ပြုလုပ်နည်း
*************
(၁) ဇလုံတခုတွင်ထမင်းပူပူတစ်ပွဲထည့်ပါ။ကြက်သွန်ဖြူဆီချက် ၊နှမ်းဆီချက်၊ဆားရည်၊ပဲငံပြာရည်၊ဟင်းခပ်မှုန့်သကြားတို့ကိုထည့်ပြီးသမအောင်မွေပေးပါ။

(၂)အရသာအပေါ့အငံမြည်းပြီးပွဲပြင်မည့်ပန်းကန်တွင်ထည့်ပါ။

(၃)အပေါ်မှကြက်သားထည့်ပါ၊ကြက်သွန်မိတ်၊နံနံမိတ်၊မြေပဲဆံကြော်၊ခေါက်ဆွဲခြောက်ကြော်ဖြူးပေးပါ။ငရုပ်သီး ဆီချက်ရှမ်းချဉ်သို့မဟုတ်ဂေါ်ဖီချဉ်ဟင်းချိုရည်တို့ဖြင့်တွဲဖက်တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Credit : Sofia

Credit : Facebook Shares

Ingredients

Directions