မက်ဆီကန် ကြက်ကောင်လုံးကင်

1

မက်ဆီကန် ကြက်ကောင်လုံးကင်
------------------------------
မက်ဆီကန်စတိုင် ကြက်ကောင်လုံးကင် လုပ်နည်းပါ။ ခပ်စပ်ရှိန်ရှိန် အရသာနဲ့ အသားက နူးညံ့ပြီ စားလို့ အရမ်းကောင်းပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူလုပ်စားကြည့်ရအောင်…
------------------------------
ပါဝင်ပစ္စည်းများ

ကြက်တစ်ကောင် – ၂ပေါင်ခွဲ – ၃ပေါင်
ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
Oregano – လက်ဖက်ရည်ဇွန်း ၁ဇွန်း (oregano အနောက်တိုင်း ဟင်းခတ်အမွှေးအကြိုင်ကို Market Place City Martတွင် ဝယ်ယူနိုင်သည်)

ကြက်သွန်ဖြူ – ၂မွှာ (ထောင်းထားပါ)
သစ်ဂျပိုး အမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
ဗီနီကာ – စားပွဲတင်ဇွန်း ၃ဇွန်း
လိမ္မော်ရည် – စားပွဲတင်ဇွန်း ၄ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
သံလွင်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း (ကင်လျှင် သုတ်လိမ်းရန်)
------------------------------
ကင်နည်း

၁။ ကြက်တစ်ကောင်လုံးကို ပုံတွင်ပါသည့်အတိုင်း ရင်ဗုံအလယ်ပိုင်းမှာ ဓားဖြင့် ထက်ခြမ်းခြမ်းထားပေးပါ။

၂။ ပြီလျှင် တဖက်လှန်ပြီ ကြက် ပေါင်ကို ဓားနဲ့ မွှန်းပေးပါ။

၃။ ပြီနောက် ခွက်တစ်ခုထဲတွင် (ငရုတ်သီးမှုန့်၊ oregano၊ ကြက်သွန်ဖြူ၊ သစ်ဂျပိုးအမှုန့်၊ ဗီနီကာ၊ လိမ္မော်ရည်၊ ဆား) တို့ကို သမအောင် ရောမွှေပြီ ဆော့ရည် ပြုလုပ်ပါ။

၄။ ပြီလျှင် ရောမွှေထားသော လိမ္မော်ဆော့ရည်များကို ကြက်သား အတွင်း၊ အပြင် သမအောင်အောင် စုတ်တံဖြင့် သုတ်လိမ်းပေးပါ။

၅။ မကင်ခင် မီးကင်ပြားကို ဆီသုတ်ထားပေးပါ။ ပြီနောက် ကြက်တစ်ကောင်လုံးကို မီးကင်ပြား (သို့) oven ဖြင့် တဖက်ကို မိနစ် ၂၀ခန့်ဖြင့် မိနစ် ၄၀ခန့် မီးအသင့်တင့်ဖြင့် ကင်ပေးပါ။ ကင်နေစဉ်အတွင်း သံလွင်ဆီ နှင့် ဆော့ရည်များ ကြက်သားကို သုတ်လိမ်းပေးပါ။

၆။ အရသာရှိသော မက်ဆီကန်စတိုင် ကြက်ကောင်လုံးကင်ကို သုံးဆောင်နိုင်ပါပြီ..

Credit : Facebook Shares

Ingredients

Directions