ဘ ရို ကို လီ ( ပန်း ဂေါ် ဖီ စိမ်း ) ကြော်

1

ဘ ရို ကို လီ ( ပန်း ဂေါ် ဖီ စိမ်း ) ကြော်
* * * * * * * * * * * * * * * * *

(၁) မြန်မာအိမ်ရှင်မများကတော့ များ
သောအားဖြင့် မီးပူပူမှာကြက်သွန်ဖြူလေး
ဓားပြားရိုက် ဆီသတ်ပြီး၊ ဆီပူလာရင်
အိုးထဲကို ပန်းဂေါ်ဖီစိမ်း ပစ်ထည့်ကာ
ဟင်းခတ်ကြက်သားမှုန့်နှင့် ဆားအနည်း
ငယ်စီထည့်ပြီး ခေတ္တအဖုံး ဖုံးပါတယ်။
၂-မိနစ်လောက်အကြာမှာ အိုးပေါ်က ချပြီး
ပန်းကန်ပြားပေါ် ပြောင်းထည့်ကာ
ရနံ့အတွက် ငရုတ်ကောင်းမှုန့်လေးနည်း
နည်းဖြူးစားလိုက်တာပါပဲ။ ဒါကတော့
ရိုးရိုးဘရိုကိုလီ သက်သတ်လွတ်ကြော်
လေးပါ။

(၂) အိုးပေါ်ကချခါနီး ကြက်ဥ (သို့) ဘဲဥ
ဖောက်ထည့်ကာနှံ့အောင်မွှေပြီးကြော်တာ
ကတော့တစ်မျိုးပါ။ဒီဘရိုကိုလီကြော်
ကိုတော့ ငရုတ်ကောင်းမှုန့်ဖြူးလေ့မရှိပါ
ဘူး။

(၃) နောက်တစ်နည်းကတော့ ဝက်သား
(သို့) ကြက်သားတို့ကို ကြိုတင်ပြုတ်ထား
ပြီး ခပ်ပါးပါးလေးတွေလှီးထားပါတယ်။
ကြက်သွန်ဖြူနှင့် ချင်းတို့ကိုဆီသတ်ပြီး
ရင် စောစောကလှီးထားတဲ့ ကြက် (သို့)
ဝက်သား တို့ကို ပန်းဂေါ်ဖီစိမ်းနဲ့တစ်ပြိုင်
တည်းအိုးထဲထည့်ကြော်တဲ့နည်းပါ။
ငရုတ်ကောင်းမှုန့်လေးဖြူးစားရင် အလွန်
လိုက်ဖက်ပါတယ်။

(၄)အသားမဟုတ်ဘဲပင်လယ်စာနဲ့
လည်းကြော်စားလို့ကောင်းတာပါပဲ။ ပန်း
ဂေါ်ဖီစိမ်းကို ဆီနည်းနည်းနဲ့ ရေလေးဖြန်း
ပြီး အရင်ကြော်ကာ ပင်လယ်စာတစ်မျိုး
ဖြစ်တဲ့ အဘယ်လုံနီ (ခေါ်) ပင်လယ်ခရု
စည်သွတ်ဘူးကိုလှီးထည့်ပြီး ခရုဆီနည်း
နည်းထည့်ကာ အချို၊ အငန် အစပ်အဟပ်
တည့်ပြီဆိုရင် ငရုတ်ကောင်းလေးဖြူးပြီး
အိုးချရုံပါပဲ။ ကျွန်မကတော့ သူ့ကို အရည်
ဆမ်းစား၊ သောက်စားလို့ရအောင် ဆီပြန်၊
ရေကျန်လေး ကြော်စားလိုက်တာပါပဲ။
ပင်လယ်ခရုအစား ပုစွန်နဲ့ ကြော်စားရင်
လည်းကောင်းတာပါပဲ။

(၅) ထမင်းကြော်၊ အစိမ်းကြော်တွေမှာ
လည်းပန်းဂေါ်ဖီစိမ်းပွင့်လေးတွေကို ရှည်
ရှည်ပါးပါးလေးတွေလှီးပြီး ကြော်စားလို့ရ
ပါတယ်။

(၆) ခုနောက်ဆုံးနည်းကတော့ အိမ်မှာ
တစ်ခါတလေမှသာ ကြော်စားလေ့ရှိပြီး
စားသောက်ဆိုင်များမှာကြော်လေ့ရှိတဲ့
နည်းလေးပါပဲ။ ကြက်သွန်ဖြူ နှင့် ချင်းတို့
ကို ဆီသတ်ပြီး ဘရိုကိုလီ၊ ရေစိမ်ထားတဲ့
ကျောက်ပွင့်အဖြူရောင်၊ ငရုတ်ပွအနီ/
အစိမ်းတို့ကို ပဲငံပြာရည်၊ ဆား၊ ကြက်
သားမှုန့်တို့ထည့်ပြီးကြော်တာပါ။ သက်
သတ်လွတ် (သို့) နှစ်သက်ရာ အသားနဲ့
လည်း ကြော်စားလို့ကောင်းပါတယ်။

 

Credit : Facebook Shares

Ingredients

Directions

1

ဘ ရို ကို လီ ( ပန်း ဂေါ် ဖီ စိမ်း ) ကြော်
* * * * * * * * * * * * * * * * *

(၁) မြန်မာအိမ်ရှင်မများကတော့ များ
သောအားဖြင့် မီးပူပူမှာကြက်သွန်ဖြူလေး
ဓားပြားရိုက် ဆီသတ်ပြီး၊ ဆီပူလာရင်
အိုးထဲကို ပန်းဂေါ်ဖီစိမ်း ပစ်ထည့်ကာ
ဟင်းခတ်ကြက်သားမှုန့်နှင့် ဆားအနည်း
ငယ်စီထည့်ပြီး ခေတ္တအဖုံး ဖုံးပါတယ်။
၂-မိနစ်လောက်အကြာမှာ အိုးပေါ်က ချပြီး
ပန်းကန်ပြားပေါ် ပြောင်းထည့်ကာ
ရနံ့အတွက် ငရုတ်ကောင်းမှုန့်လေးနည်း
နည်းဖြူးစားလိုက်တာပါပဲ။ ဒါကတော့
ရိုးရိုးဘရိုကိုလီ သက်သတ်လွတ်ကြော်
လေးပါ။

(၂) အိုးပေါ်ကချခါနီး ကြက်ဥ (သို့) ဘဲဥ
ဖောက်ထည့်ကာနှံ့အောင်မွှေပြီးကြော်တာ
ကတော့တစ်မျိုးပါ။ဒီဘရိုကိုလီကြော်
ကိုတော့ ငရုတ်ကောင်းမှုန့်ဖြူးလေ့မရှိပါ
ဘူး။

(၃) နောက်တစ်နည်းကတော့ ဝက်သား
(သို့) ကြက်သားတို့ကို ကြိုတင်ပြုတ်ထား
ပြီး ခပ်ပါးပါးလေးတွေလှီးထားပါတယ်။
ကြက်သွန်ဖြူနှင့် ချင်းတို့ကိုဆီသတ်ပြီး
ရင် စောစောကလှီးထားတဲ့ ကြက် (သို့)
ဝက်သား တို့ကို ပန်းဂေါ်ဖီစိမ်းနဲ့တစ်ပြိုင်
တည်းအိုးထဲထည့်ကြော်တဲ့နည်းပါ။
ငရုတ်ကောင်းမှုန့်လေးဖြူးစားရင် အလွန်
လိုက်ဖက်ပါတယ်။

(၄)အသားမဟုတ်ဘဲပင်လယ်စာနဲ့
လည်းကြော်စားလို့ကောင်းတာပါပဲ။ ပန်း
ဂေါ်ဖီစိမ်းကို ဆီနည်းနည်းနဲ့ ရေလေးဖြန်း
ပြီး အရင်ကြော်ကာ ပင်လယ်စာတစ်မျိုး
ဖြစ်တဲ့ အဘယ်လုံနီ (ခေါ်) ပင်လယ်ခရု
စည်သွတ်ဘူးကိုလှီးထည့်ပြီး ခရုဆီနည်း
နည်းထည့်ကာ အချို၊ အငန် အစပ်အဟပ်
တည့်ပြီဆိုရင် ငရုတ်ကောင်းလေးဖြူးပြီး
အိုးချရုံပါပဲ။ ကျွန်မကတော့ သူ့ကို အရည်
ဆမ်းစား၊ သောက်စားလို့ရအောင် ဆီပြန်၊
ရေကျန်လေး ကြော်စားလိုက်တာပါပဲ။
ပင်လယ်ခရုအစား ပုစွန်နဲ့ ကြော်စားရင်
လည်းကောင်းတာပါပဲ။

(၅) ထမင်းကြော်၊ အစိမ်းကြော်တွေမှာ
လည်းပန်းဂေါ်ဖီစိမ်းပွင့်လေးတွေကို ရှည်
ရှည်ပါးပါးလေးတွေလှီးပြီး ကြော်စားလို့ရ
ပါတယ်။

(၆) ခုနောက်ဆုံးနည်းကတော့ အိမ်မှာ
တစ်ခါတလေမှသာ ကြော်စားလေ့ရှိပြီး
စားသောက်ဆိုင်များမှာကြော်လေ့ရှိတဲ့
နည်းလေးပါပဲ။ ကြက်သွန်ဖြူ နှင့် ချင်းတို့
ကို ဆီသတ်ပြီး ဘရိုကိုလီ၊ ရေစိမ်ထားတဲ့
ကျောက်ပွင့်အဖြူရောင်၊ ငရုတ်ပွအနီ/
အစိမ်းတို့ကို ပဲငံပြာရည်၊ ဆား၊ ကြက်
သားမှုန့်တို့ထည့်ပြီးကြော်တာပါ။ သက်
သတ်လွတ် (သို့) နှစ်သက်ရာ အသားနဲ့
လည်း ကြော်စားလို့ကောင်းပါတယ်။

ဘ ရို ကို လီ ( ပန်း ဂေါ် ဖီ စိမ်း ) ကြော်