ဘဲဥ၊ အာလူးနှင့်ခရမ်းသီးမဆလာဆီပြန်

ဘဲဥ၊ အာလူးနှင့်ခရမ်းသီးမဆလာဆီပြန်

1

ဘဲဥ........................၅လုံး

အာလူးကြီး................၃လုံး

ခရမ်းသီးရှည်.............၂လုံး

ကြက်သွန်နီ................၂လုံး

ကြက်သွန်ဖြူ...............၅တက်

ပျဉ်းတော်သိမ်ရွက်.......၁ခက်

မဆလာ....................ဇွန်းဝက်ခန့်

ဦးစွာဘဲဥကိုကျက်အောင်ပြုတ်ပါ။ရေအေးစိမ်ပြီးအခွံခွာထားပါ။

အားလူးကိုအခွံခွာပြီးထက်ခြမ်း(သို့)လေးစိတ်ခြမ်းပါ။

အရောင်မည်းမသွားစေရန်ရေစိမ်ထားပါ။

ခရမ်းသီးကိုအာလူးခြမ်းအနေအထားလောက်ပိုင်းဖြတ်ပါ။ရေစိမ်ထားပါ။

ကြက်သွန်ဖြူ၊ကြက်သွန်နီကိုငရုတ်သီးအစိမ်းမှုန့်၊နနွင်းမှုန့်တို့ဖြင့်ရောထောင်းပါ။

ဒယ်အိုးတစ်လုံးမှာဆီကိုအပူပေးပါ။အခွံခွာထားတဲ့ဘဲဥကိုဓားရာပါးပါးလေးပေးပြီးအပေါ်ယံကြောလေးတင်းသွားရုံသာဆီပူထိုးပေးပါ။

အားလူးနှင့်ခရမ်းသီးကိုလည်းဆီပူထိုးပေးပါ။

(ဆီပူထိုးရတဲ့အကြောင်းအရင်းကတော့နှပ်ချက်တဲ့အချိန်မှာကြေမွမှုကိုအကာအကွယ်ပေးပါတယ်)

လက်ကျန်ဆီမှာထောင်းထားတဲ့ကြက်သွန်အရောကိုဆီသတ်ပါ။

အနည်းငယ်နွမ်းလာလျှင်ပျဉ်းတော်သိမ်ရွက်တွေထည့် ပေါင်းဆီသတ်ပါ။မွှေးလာလျှင်မဆလာထည့်ပါ။

အနှစ်ကျအောင်ဆီသတ်ပြီးပြီဆိုရင်ဆီပူထိုးထားတဲ့ဘဲဥ၊အားလူးကိုဦးစွာထည့်ပါ။ရေကိုသင့်ရုံလေးလိုက်ပေးပါ။အဖုံးပိတ်ပြီးနှပ်ထားပါ။

အားလူးကျက်ခါနီးမှခရမ်းသီးတွေထည့်ပါ။ ရေခမ်း၊ဆီပြန်သည်အထိချက်ပေးပါ။

Credit --- Win Naing Thein

Credit: Facebook Share

Ingredients

Directions