ဘဲသားအားလူး

ဘဲသားအားလူးဟင်း..

1

ဘဲအကောင်ကိုရေဆေးပြီး ကြိုက်နှစ်သက်သလို အတုံးများ တုံးကာ

ဆား၊ငံပြာရည်၊နနွင်းမှုန့် ၊ ငရုတ်သီးအရောင်တင်မှုန့် အနည်းငယ်စီ တို့ဖြင့်နယ်ထားပါ။

ရေစိမ်ထားသော ငရုတ်သီးခြောက်၊ ကြက်သွန်နီ၊ကြက်သွန်ဖြူ နှင့်ဂျင်း တို့ကို ညက်အောင်ထောင်းကာ

ဘဲသားများနှင့် ငရုတ်အနှစ်များကို ရောနယ်ပြီး အသားထဲ အရသာများ စိမ့်ဝင်အောင် နာရီဝက်ခန့်နှပ်ထားပါ။

ဘဲအဆီဘူးကို ထည့်မချက်ပါနှင့် အရမ်းနံပြီး စားမရဖြစ်တတ်သည်။

ဒေါ်ပုကတော့ ဘဲကို ဆီလုံးဝမထည့်ပဲ ဘဲကထွက်တဲ့ ဘဲဆီနဲ့ပဲ ဆီမသတ်ပဲ လုံးချက်ထားတာပါ။

အားလူးများကို အခွံခွါပြီး ဆားအနည်းငယ်နှင့် ရေစိမ်ထားပါ။

အသားများကို နာရီဝက်ခန့် နှပ်ပြီးသွားလျှင် ချက်မည့်အိုးထဲသို့ ပြောင်းထည့်ကာ

မီးအပူရှိန် အလယ်အလတ်လောက်နှင့် မကြာခဏမွှေ မွှေပေးပါ။

ရေထမင်းစားဇွန်း ၃ ဇွန်းလောက်ထည့်ကာ မပျက်မွှေပေးပါ။

ဘဲအသားများ ခပ်တင်းတင်းလေးဖြစ်လာကာ ကြက်သွန်စိမ်းနံ့ပြောက်ပြီး ဟင်းအနှစ်များရပြီဆိုလျှင် ရေမြုတ်အောင် ထည့်၍ အဖုံးဖုံးပြီး တည်ထားပါ။

ဟင်းအရည်များ ပွက်ပွက်ဆူလာလျှင် ရေစိမ်ထားသော အားလူးများကို ရေဆေးပြီး ထည့်ပါ။

ရေမြုတ်အောင် ထပ်ထည့်ကာ အသားနှင့် အားလူး နူးသည်အထိတည်ထားပေးပါ။

တခါတလေ အသားများမနူးသေးပဲ အားလူးများနူးနေပြီ ဆိုလျှင် အားလူးများကို ပန်းကန်လုံး တစ်ခုထဲသို့ ဆယ်ထုတ် ထားပါ။

အသားများကို ရေအနည်းငယ်ထပ်ထည့်ကာ နူးအိလာသည်အထိ တည်ထားပါ။

မကြာခဏ အဖုံးဖွင့်၍ မွှေမွှေပေးပါ။

ရေများခမ်းလာကာ အသားများနူးအိ၍ ဆီပြန်လာလျှင် ဖယ်ထားသော အားလူးများကို ထည့်မွှေ၍ အပေါ့အငံမြည်းကြည့်ပြီး

မဆလာအုပ်ကာ အရသာကောင်းမွန်သော ဘဲသားအားလူးဟင်းမွှေးမွှေးလေး သုံးဆောင်လို့ ရပါပြီရှင်။

ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာနှင့် ထည့်ချက်ချင်လျှင် ထည့်ချက်လို့ရပါတယ်ရှင်။

ဘဲသားအားလူးဟင်းကို ချဉ်ပေါင်ရွက်(သို့) ကင်းပွန်းချဉ်ရွက် အချဉ်ရည်ဟင်း၊ ငါးပိထောင်း(သို့) ငရုတ်သီးစားထောင်း တို့နှင့် တွဲဖက်၍ သုံးဆောင်လျှင် အလွန်ဖက်ပါတယ်။

Credit : ဒေါ်ပုလက်ရာ (Facebook Share)

Ingredients

Directions