ဘူးညွန့်နုနုနှင့် ပုစွန် – ဝက်သားကြော်

1

ဘူးညွန့်နုနုနှင့် ပုစွန် - ဝက်သားကြော်
(Gourd Shoot with Shrimp and Pork Fried )
...............................................................
ဘူးညွန့်နုနုရဲ့အရသာကို ဝက်-ပုစွန်ဖြင့်တွဲဖက်ပြီး စပ်စပ်လေးကြော်လိုက်တော့ ထမင်းမြိန်စေပါတယ်။ အားလုံး ကြော်စားကြည့်လို့ ရအောင် မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
......................
• ဝက်သား - ၁၅ ကျပ်သား (ခပ်ပါးပါးလေးတွေ လှီးထားပါ)
• ပုစွန် - ၁၅ ကျပ်သား (အခွံခွာပြီးသား)
• ဘူးညွန့် - ၁ စည်း (အနေတော် ဖြတ်ထားပါ)
• ငရုတ်သီးစိမ်း - ၅ တောင့် (ခပ်ကြမ်းကြမ်းလှေးလှီးတားပါ)
• ကြက်သွန်ဖြူ - ၃ မြွှာ (ဓားပြားရိုက်ပြီး နုပ်နုပ်လေးလှီးထားပါ)
• အသားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
• နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
• အသီးအရွက်ဆီ - စားပွဲဇွန်း ၁ ဇွန်း
• ဆား - အနည်းငယ်
• ငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း
................
၁။ မကပ်သောဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူအောင်တည်ပါ။ ဆီပူလျှင် နနွင်းမှုန့်၊ ကြက်သွန် ဖြူနှင့် ဝက်သားပြားများထည့်ကြော်ပါ။ ဝက် သားပြား အညိုရောင်သမ်းလာလျှင် ပုစွန်၊
ငရုတ်သီးစိမ်းနှင့် ငံပြာရည်ထည့်ပါ။ ပုစွန်ကွေးလျှင် ဘူးညွန့်နှင့် ရေအနည်းငယ်ထည့် ပြီးကြော်ပါ။
၂။ ဘူးညွန့်အနည်းငယ်နွမ်းလျှင် ရပါပြီ။ ဆားမြည်းပြီး လိုတာထပ်ထည့်ပါ။ ပူပူလေး ထမင်းနှင့် တွဲဖက်သုံးဆောင်လျှင် လိုက်ဖက်ပါတယ်။
..............................

Crd.စည်လွင်

Credit : Facebook Shares

Ingredients

Directions