ဘူးချဉ်သုပ်

1

ဘူးချဉ်သုပ်
မမီးအိမ်မှာ ဘူးသီးတွေ တအားသီးနေဘီမို့၊ ဘူးသီးကို ရိုးရိုး ဟင်းချက်စားတာအပြင် ဘာတွေများကွန့်ပီး ပြုလုပ်စားသောက်နိုင်သလည်းလို့ တွေးဆ ၊ စမ်းသပ်လုပ်ကြည့်ရာကနေ ရလာတဲ့ နည်းလေးတနည်းဖြစ်ပါတယ်၊ သူငယ်ချင်းတွေ ပြောပြထားကြတဲ့ လူအတော်များများ မချက်ဘူး သေးတဲ့ ဟင်းအမည်လေးတွေလည်းရှိပါသေးတယ်၊ တမျိုးပီးတမျိုး လုပ်စားကြည့်ပီး ကောင်းနိုးရာရာလေးတွေ ဝါသနာရှင်တို့အတွက် ယူလာပေးပါမယ်ရှင်..။

Thida Win မမီးရေကျွန်တော်တို့အညာမှာလုပ်တဲ့ဘူးချဉ်တည်နည်းလေးပေးချင်ပါတယ် စိတ်ဝင်စားရင်စမ်းလုပ်ကြည့်ပါနော် ဒီမှာကအခွံမာပြီးရင့်နေတဲ့ဘူးသီးကိုအလယ်ကခြမ်းပြီးခြစ်ယူပါတယ် ဘူးစေ့တွေကိုဖယ်ပစ်ပါ ခြစ်ထားတဲ့အသားထဲကို ကောက်ညှင်းဆန်ကွဲ၊ဆား၊နနွင်းမှုန့်တို့ထည့်ပြီးနယ်ပါ ပုလင်း/စဉ့်အိုးထဲကိုထည့်ပါ နှစ်ညသိပ်ပြီးရင်ရပါပြီ

ဘူးချဉ်ပြုလုပ်ရန် ပါဝင်ပစ္စည်းများ
1. ဘူးသီး ၆၀၀ ဂရမ် ( ၅၀သားခန့်)
2. ဆား ၁ စားပွဲဇွန်း
3. သကြား ၃ စားပွဲဇွန်း
4. ရှာလကာရည် ၂ စားပွဲဇွန်း

ပြုလုပ်နည်း
1. ဘူးသီးကို အခွံခွာ၊ ရေဆေးပါ၊ ရေခြောက်သွားတဲ့အခါ ပါးပါး အချောင်း လေး များလှီးပါ၊ လေလုံ ပလပ်စတစ်အိပ် အသန့် တွင်ထည့်ပါ၊ ဆား၊ သကြား ၊ ရှာလကာရည် ထည့်ပါ၊ အိပ်ကို ပိတ်ပီး ပါဝင်ပစ္စည်းများ သမသွားအောင် အိပ်အပြင်ဘက်မှ လှေ့ပေးပါ၊ ဘူးသီး ထည့်ထားသော အိပ်ကို သန့်ရှင်းသော ဇလုံတခုတွင်ထည့်ပါ၊ ၁၂ နာရီအတွင်း ချို ချဉ် ကြွပ်နေတဲ့ ဘူးချဉ်ရပါဘီ။
2. သုပ်စားဘို့အတွက် အောက်ပါ ပါဝင်ပစ္စည်း များ ကို ရောနယ်ပေးလိုက်ရင် ချိုချဉ် ကြွပ် သက်သတ်လွတ် ဘူးချဉ်သုပ် တပွဲ ရပါဘီရှင်။ အရသာ ချဉ်ငံစပ်ကိုတော့ မိမိ နှစ်သက်သလို ပြုပြင်ပါ။

• ဘူးချဉ် ၁ ခွက်
• ကြက်သွန်နီ ၁ လုံး ပါးပါးလှီးထားပါ။
• ငရုပ်သီးစိမ်း ၄-၅ တောင့် လှီးထားပါ။
• ကြက်သွန်နီဆီချက် ၂-၃ စားပွဲဇွန်း
• နှမ်းလှော် ၂ လက်ဘက်ရည်ဇွန်း
• မြေပဲလှော်ထောင်း ၃-၄ စားပွဲဇွန်း
• နံနံပင်/ရှောက်ရွက် နှစ်သက်ရာ ၂ ခက် လှီးထားပါ။

Credit : Facebook Shares

Ingredients

Directions