ပဲပင်ပေါက်သုပ်

1

ပဲပင်ပေါက်သုပ်

***... ချဉ်စပ် sauce အရည် အတွက် လိုအပ်တာလေးတွေ…

1. ဖုတ်ထားသော (သို့) microwave ထဲ စက္ကန့် အနည်းငယ် ထည့်ထားသော စိမ်းစားငပိ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်
2. ငါးငံပြာရည် – ထမင်းစားဇွန်း ၄ ဇွန်း
3. သံပုရာရည် – ထမင်းစားဇွန်း ၂ ဇွန်း
4. ပါးပါးလှီးထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန်း ၁ ဇွန်း
5. သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အားလုံးကို ခွက်တစ်လုံးထဲထည့်ကာ ရေဖျော်လိုက်လျှင် လိုအပ်သော ချဉ်စပ် sauce အရည်ကို ရပါပြီ။

***... ပဲပင်ပေါက်သုပ် အတွက် လိုအပ်တာလေးတွေ…

1. ပဲပင်ပေါက် – 380 g (၂၅ ကျပ်သားခန့်)
2. အစေ့ထုတ်ကာပါးပါးလှီးထားသော ဂေါက်သီးအရွယ် ခရမ်းချဉ်သီး – ၁ လုံးခွဲ
3. ခပ်ကြမ်းကြမ်းလှီးထားသော ပူစီနံ (mint) – လက်တစ်ဆုပ်ခန့်
4. ပုဇွန်ခြောက်မှုန့် – ထမင်းစားဇွန်း ၂ ဇွန်း
5. မြေပဲလှော်ထောင်း – ထမင်းစားဇွန်း ၁ ဇွန်း
6. ချဉ်စပ် sauce အရည်

ပွက်ပွက်ဆူနေသော ရေနွေးကို ပဲပင်ပေါက်မြှုပ်အောင် လောင်းထည့်ပြီး ၁၀ မိနစ်ခန့် အဖုံး ဖုံးထားပါ။

ပြီးလျှင် ရေပူများသွန်ပြီး ရေအေးဖြင့်ဆေးကာ ရေစစ်ထားပါ။

ပါဝင်ပစ္စည်းများအားလုံးကို ဇလုံထဲထည့်ပြီး ခပ်ဖွဖွနယ်ပြီးသုပ်လိုက်လျှင် ချဉ်ချဉ်စပ်စပ်အရသာဖြင့် စားကောင်းလှသော ပဲပင်ပေါက်သုပ်လေး သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

Credit : Facebook Shares

Ingredients

Directions