ပဲနီလေးဟင်းသီးဟင်းရွက်စုံဟင်းရည်

1

ပဲနီလေးဟင်းသီးဟင်းရွက်စုံဟင်းရည်
(Lentil and Garden Vegetable Soup)
...............................................
ပါဝင်ပစ္စည်းများ
- ဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်သွန်နီ (စဉ်းပြီး) - ၁ လုံး
- ကြက်သွန်ဖြူ(စဉ်းပြီး) - ၃ တက်
- ငရုတ်ပွတောင့်အနီ (စဉ်းပြီး) - ၁ တောင့်
- နနွင်းမှုန့် - အနည်းငယ်
- ပဲနီလေး - ၃ဝဝ ဂရမ် (ပြုတ်ထားပါ)
- မုန်လာဥနီ - ၁ လုံး (လေးစိတ်စိတ်ပြီးပါးပါးလှီးပါ)
- ဖရုံသခွား - ၁ လုံး (လေးစိတ်စိတ်ပြီးပါးပါးလှီးပါ)
- ဇီရာ - ၁ဝ စေ့ (လှော်ပြီးထောင်းထားပါ)
- ရေနွေး - ၇၅ဝ မီလီလီတာ
- ဆား - အနည်းငယ်
- ငရုတ်ကောင်း - အနည်းငယ်
- နံနံပင် (စဉ်းပြီး) - စားပွဲဇွန်း ၂ ဇွန်း

ချက်ပြုတ်ပုံ
..............
၁။ ဆီအိုးကိုအပူပေးပြီး ကြက်သွန်နီနှင့် ကြက်သွန်ဖြူများကို နနွင်းမှုန့်ဖြင့် မီးအလယ် အလတ်ထားပြီး ဆီသတ်ပါ။ စဉ်းပြီးသား ငရုတ်ပွများထည့်ပါ။
၂။ ပြုတ်ပြီးသားပဲများနှင့် မုန်လာဥနီများထည့်။ နောက် ထောင်းပြီးသားဇီယာများ မွှေပေးပါ။ ရေနွေးအနည်းငယ်ထည့်ပေးပြီး မွှေပါ။ လှီးထားသော ဖရုံသခွားများထည့်ပါ။
၃။ အရည်သောက်ဆမ်းစားချင်ရင် ရေနွေး ဒါမှမဟုတ် Vegetable Stock ထည့်ပြီး ဆား၊ ငရုတ်ကောင်းတို့ထည့် အရသာမြည်းပြီး စဉ်းပြီးသားနံနံပင်များထည့်မွှေပြီးလျှင် ချက် ပြုတ်ခြင်း အဆုံးသတ်နိုင်ပါပြီ။ ဟင်းအရည်မကြိုက်သူများကတော့ အရည်အတွက် ထည့်စရာမလိုဘဲ အရသာနှင့် ဟင်းခတ်ရွက်ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။ ဒီဟင်းမျိုး အတွက် ထမင်းအပြင် လိုက်ဖက်ညီတဲ့စားစရာအနေနဲ့ ပေါင်မုန့်မီးကင်၊ နံပြား၊ ချာပါတီ စတာတွေကလိုက်ဖက်ပါတယ်။
........................
Crd
ကိုသစ်ထူး See less

Credit : Facebook Shares

Ingredients

Directions