ပူပူစပ်စပ်မျှစ်ရခိုင်ချက်

1

မျှစ်နုနု...................၂၀ကျပ်သား

ပုစွန်ခြောက်............၁ဇွန်း

စိမ်းစားငါးပိ.............၁ဇွန်း

ငရုတ်သီးစိမ်း........... ၂၀တောင့်ခန့်

နံနံပင်....................၁စည်း

မန်ကျည်းသီးမှည့်......အနည်းငယ်

မျှစ်နုနုတွေကိုရေဖြင့်ပြန်ပြုတ်ပါ။အရင်းပိုင်းလေးတွေကိုထက်ခြမ်း(သို့)လေးစိတ်ခွဲပြီးအရာပေးပါ။

အိုးသေးသေးတစ်လုံးမှာငါးပိနှင့်ငရုတ်သီးစိမ်းကိုနနွင်းမှုန့်အနည်းငယ်နှင့်အတူရေခမ်းသည်အထိပြုတ်ပါ။

ထိုပြုတ်ထားသောအရောကိုညှက်အောင်ထောင်းပါ။

ပုစွန်ခြောက်ကိုလည်းမညှက်တညှက်ထောင်းထားပါ။

အိုးတစ်လုံးမှာ ရေ (သို့)ပြုတ်ရည် လီတာဝက် ခန့်ကိုအပူပေးပါ။ထိုပြုတ်ရည်ထဲသို့ထောင်းထားသောငါးပိနှင့်ငရုတ်သီးအရောနှင့်ပုစွန်ခြောက်ထောင်းကိုထည့်မွှေပါ။

ဆား၊ဟင်းခတ်မှုန့်၊ မန်ကျည်းမှည့်ရည်တို့ဖြင့်အရသာဖြည့်စွက်ပါ။

ဓားရာပေးထားသောမျှစ်စို့လေးတွေထည့်ပြီးချက်ပါ။

နံနံပင်အရိုးလေးတွေကိုဦးစွာထည့်ထားပြီးမီးဖို ပေါ်မှချခါနီးမှနံနံပင်အရွက်လေးတွေအုပ်ပေးပါ။

Credit : Facebook Shares

Ingredients

Directions