ပုစွန်နှင့်ခရမ်းချဉ်သီးငါးပိချက်

1

ပုစွန်နှင့်ခရမ်းချဉ်သီးငါးပိချက်

ပါဝင်ပစ္စည်းများ
ပုစွန်သေး.....................၁၀ကျပ်သား
စိမ်းစားငါးပိ.....................၁ဇွန်း
ကြက်သွန်နီ.................... ၁လုံး
ကြက်သွန်ဖြူ................... ၅တက်
ခရမ်းချဉ်သီး.................... ၅လုံး
ငရုတ်သီးစိမ်း.................... ၁၀တောင့်
ငရုတ်သီးခြောက်............... ၅တောင့်
နံနံပင်.............................၅ပင်

ပုစွန်ကိုရေဆေးသန့်စင်ပြီးခေါင်းချိုးအခွံခွာပါ။အရသာအနည်းငယ်နယ်ထားပါ။

စိမ်းစားငါးပိ ကိုရေနွေးအနည်းငယ်ဖြင့်ရေစိမ်ထားပါ။

ကြက်သွန်နီ ၊ ကြက်သွန်ဖြူ နှင့် ငရုတ်သီးခြောက် တွေကိုရောပြီးညှက်နေအောင်ထောင်းပါ။

ခရမ်းချဉ်သီး ကိုပါးပါးလှီးပါ။ ငရုတ်သီးစိမ်း တွေကိုခပ်ကြီးကြီးလှီးပါ။

ဒယ်အိုးတစ်လုံးအောက်ခြေမှထောင်းထားသောကြက်သွန်နှင့်ငရုတ်သီးအရောကိုထားပါ။

ဆား၊ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ အရောင်တင်မှုန့်အနည်းငယ်တို့ဖြင့်အရသာဖြည့်စွက်ပါ။

ငရုတ်သီးစိမ်း တွေထည့်ပြီးမှခရမ်းချဉ်သီးတွေအုပ်ပေးပါ။

ဆီအနည်းငယ်ကိုဒယ်အိုးပတ်ပတ်လည်မှလောင်းထည့်
ပြီးအဖုံးပိတ်ကာမီးရှိန်အေးအေးမှာရေခမ်း၊ဆီပြန်ပြီးအနှစ်ကျသည်အထိချက်ပါ။
(ထိုအချိန်အတွင်းအဖုံးဖွင့်မမွှေရ)

ရေခမ်းပြီဆိုမှအနည်းငယ်မွှေပြီးအရသာနယ်ထားတဲ့ပုစွန်ဆိတ်တွေထည့်ပါ။

ရေစိမ်ထားတဲ့ငါးပိကိုရေဖျော်ပြီးစစ်ဇကာလေးအသုံးပြုပြီးလောင်းထည့်ပါ။

နံနံပင်တွေထည့်ပြီးရေခမ်း၊ဆီပြန်သည်အထိချက်ပေးပါ။
#crd

Credit : Facebook Shares

Ingredients

Directions